ဗန်ဟားလ်အပေါ် စိတ်ရှည်သည်းခံမှုထားရှိဖို့ ဖာဂူဆန် တိုက်တွန်း

ဗန်ဟားလ်အပေါ် စိတ်ရှည်သည်းခံမှုထားရှိဖို့ ဖာဂူဆန် တိုက်တွန်း

မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က မန်ယူပရိသတ်နှင့် မီဒီယာတွေရဲ့ ဖိအားဒဏ်များခံနေရတဲ့ လက်ရှိနည်းပြ လူးဝစ်ဗန်ဟားလ်ဘက်မှ ခုခံကာကွယ် ပြောဆိုခဲ့ပြီး မန်ယူအသင်းဆီ အောင်မြင်မှုတွေ ပြန်လဲရောက်ရှိလာလိမ့်မယ်လို့ ဆိုပါတယ်။

ဗန်ဟားလ်ဟာ နှစ်နှစ်နီးပါးအတွင်း မန်ယူအသင်းကို ကိုင်တွယ်ထားပေမယ့် ဆုဖလား တစ်လုံးမျှ ရယူပေးနိုင်ခြင်းမရှိသေးပေ။ သို့သော် ဖာဂူဆန်လက်ထက် ပထမဆုံး ဆုဖလား ရရှိဖို့ (၄) နှစ်အထိ စောင့်ဆိုင်းခဲ့ရပြီး နောက် (၂၂) အကြာမှာတော့ ဖလား (၃၈) ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

"နှစ်ပေါင်း (၁၅၀) သမိုင်းကြောင်းရှိတဲ့ အသင်းအနေနဲ့ အောင်မြင်မှုအတွက် နှစ်အနည်းငယ် စောင့်ဆိုင်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အမြဲတမ်း ပြန်လာနိုင်ပြီး ပိုပြီး သန်မာအားကောင်းလာလိမ့်ရှိပါတယ်"ဟု Sky Sports သို့ ပြောကြားခဲ့ပါတယ်။

"မန်ယူအားပေးတဲ့ ပရိသတ်အနေနဲ့ စိတ်ရှည် သည်းခံမှုရှိဖို့ လိုအပ်ပါမယ်။ နည်းပြ မတ်ဘတ်စ်ဘီရယ်၊ ကျွန်တော်တို့ ကိုင်တွယ်စဉ်အချိန်တုန်းက ဒီလိုအဖြစ်မျိုး ကြုံတွေ့ခဲ့တာ ပြသပြီးဖြစ်ပါတယ်။"ဟု ဖာဂူဆန်က ပြောပါတယ်။

ဗန်ဟားလ်ဟာ စပိန်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတွေမှာ ကလပ်ဖလားများစွာ ဆုတ်ခူးနိုင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ အေဂျက်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူခဲ့ပါတယ်။

ဖာဂူဆန် အနားယူပြီး ရေရှည်နည်းပြဖြစ်မလာတဲ့ ဒေးဗစ်မိုယက် လက်ထက် မန်ယူအသင်းဟာ ၂၀၁၃ ခုနှစ်ကတည်းက ကွန်မြူနတီဒိုင်းတစ်ခုသာ ရရှိခဲ့ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၄) နေရာက မန်စီးတီးနောက် တစ်မှတ်အကွာ အဆင့် (၆) နေရာမှာ ရပ်တည်နေပါတယ်။

ဧပြီ (၁၃) ရက်နေ့မှာ မန်ယူအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ FA ဖလား ကွာတားဖိုင်နယ် ပြန်ကန်ပွဲကို ကစားရမှာဖြစ်ပေမယ့် ယူရိုပါလိဂ်မှာတော့ အစဉ်အလာပြိုင်ဘက် လီဗာပူးလ်အသင်းကို ရှုံနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

ဖာဂူဆန်က "ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ရတာက လွယ်ကူပါတယ်။ အကြောင်းအရင်းကတော့ ကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ နွေရာသီ ခေါ်ယူ ချုပ်ဆိုထားတဲ့ ပမာဏတွေဟာ သူတို့အတွက် စိတ်ပျက်စရာ ရာသီ ဖြစ်စေပါတယ်။"ဟု ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly