စစ်ကိုင်းတိုင်းတွင် စိုက်ခင်းများစိုက်ပျိုးပြီး စစ်ဘေးသင့်ပြည်သူများအား လှူဒါန်း

By KMN (မဇ္ဈိမ)
27 June 2023
စစ်ကိုင်းတိုင်းတွင် စိုက်ခင်းများစိုက်ပျိုးပြီး စစ်ဘေးသင့်ပြည်သူများအား လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စိုက်ခင်းများစိုက်ပျိုးပြီး သီးနှံများကို စစ်ဘေးသင့် ပြည်သူ များအား လှူဒါန်းနေကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှတာဝန်ရှိသူက ပြောကြားသည်။

“တောင်သူတွေ မစိုက်ပျိုးနိုင်တဲ့စိုက်ခင်းတွေကို ကျွန်တော်တို့အဖွဲ့ကို မြေလှူထားတဲ့သဘောပါ။ လော လောဆယ် သုံးဧကရထားတယ်။ စိုက်ပျိုးထားတဲ့ သီးနှံတွေကိုတော့ ခူးဆွတ်ပြီး စလှူနေပါပြီ” ဟု ၎င်းက ဆိုသည်။

S&C အဖွဲ့သည် စိုက်ခင်းသုံးဧကတွင် အော်ဂဲနစ်သီးနှံများ စိုက်ပျိုးနိုင်ရန်စီစဉ်နေပြီး အခြား ရာသီပေါ် သီးနှံများလည်း စိုက်ပျိုးသွားရန်ရှိကြောင်း အဖွဲ့ဝင်များကပြောသည်။

လတ်တလောတွင် စိုက်ခင်းတခုမှ ကျောက်ဖရုံသီးများခူးဆွတ်ကာ စစ်ဘေးရှောင်များထံ စတင်ပို့ဆောင် နေကြောင်း သိရသည်။

S&C အဖွဲ့သည် ရွှေဘို၊ ဒီပဲယင်း၊ ယင်းမာပင် စသည့်မြို့နယ်များတွင် စစ်ဘေးရှောင်များအတွက် နေအိမ်၊ စာသင်ကျောင်းများတည်ဆောက်ခြင်းနှင့် အခမဲ့ဆေးပေးခန်းများအားဖွင့်လှစ်ကာကူညီနေသည့် အဖွဲ့ဖြစ် ပြီး ယခုလမှစတင်ကာ သီးနှံများလည်း စိုက်ပျိုးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly