ထိုင်းနှင့် မြန်မာက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

By Vietnam Plus
27 June 2023
ထိုင်းနှင့် မြန်မာက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ သန်း ၆၀၀ တန်ဖိုးရှိပြီး မြန်မာနိုင်ငံက ဒေါ်လာ ၄၄၆ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇွန် ၂၆ ရက်က ကိုယ့်နိုင်ငံအတွင်း အသီးသီး မီးရှို့ဖျက်ဆီးခဲ့ကြသည်။

အမှုပေါင်း ၁၉၂ မှုမှ ဖမ်းဆီးရမိသော အင်ဖက်တမင်း တန်ချိန် ၂၇ တန်၊ ကက်သီနန်း ငါးတန်၊ ဘိန်းဖြူ ၂၇၅ ကီလိုဂရမ်၊ ကိုကင်း ၄၃ ကီလိုဂရမ်နှင့် ဘိန်းစိမ်း ခြောက်ကီလိုဂရမ်တို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်း အစားအစာနှင့် ဆေးဝါး စီမံခန့်ခွဲမှု ဌာနအရ သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခြင်းကို သဘာဝပတ်ဝန်းကျင်သို့ အန္တရာယ်ဖြစ်စေခြင်း မရှိရန်အတွက် အမေရိကန် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ယင်းဌာနက ပြောသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ကုန်ကူးခြင်း ဆန့်ကျင်သော နိုင်ငံတကာနေ့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံက မူးယစ်ဆေးဝါးများ မီးရှို့ခြင်းကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကလည်း အာဏာပိုင်များသည် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါး ဒေါ်လာ ၆၄၂ သန်းကျော်ဖိုးကို မီးရှို့ဖျက်ဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly