စစ်ဆင်ရေးအရှိန်မြှင့်ရန် လက်နက်ခဲယမ်းလိုအပ်နေကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့ပြော

By 007 (မဇ္စျိမ)
26 June 2023
စစ်ဆင်ရေးအရှိန်မြှင့်ရန် လက်နက်ခဲယမ်းလိုအပ်နေကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့ပြော

စစ်ဆင်ရေး အကြိမ်(၃၀)ကျော် အောင်မြင်စွာဆင်နွှဲထားသည့် မြနန္ဒာစစ်ဆင်ရေး (မန္တလေး) အဖွဲ့အနေဖြင့် စစ်ဆင်ရေးအရှိန်မြှင့်တင်ရန်အတွက် လက်နက်ခဲယမ်းများဝယ်ယူရန် အကူအညီများ လို အပ်နေကြောင်း အဖွဲ့၏ပြန်ကြားရေးတာ၀န်ခံက မဇ္စျိမကိုပြောသည်။

“ကျွန်တော်တို့ စစ်ဆင်ရေးမစ်ရှင် ၃၅ ခုအထိ အောင်အောင်မြင်မြင်ကစားထားနိုင်တယ်။ Error နဲ့ အသီး မအောင်တာတွေမပါသေးဘူး။ ဖမ်းဆီးခံရသူတဦးမှမရှိသေးဘူး။ အခုထိ နယ်မြေကျွမ်းကျင်စွာနဲ့ စနစ် တကျ သေချာတဲ့ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတယ်။ ဒါပေမယ့်လည်း ရှေ့ဆက်ရပ်တည်ဖို့တော် တော်ခက်နေတယ်၊ အလှူငွေက မရသလောက်ဖြစ်နေလို့ပါ”ဟု ပြန်ကြားရေးတာ၀န်ခံကမဇ္စျိမကို ပြော သည်။

စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ထောင်နိုင်ရန်အတွက် အသက်စွန့်လွှတ်တိုက်ပွဲ၀င်နေသော မန္တလေးအခြေစိုက် မြနန္ဒာစစ်ဆင်ရေး (မန္တလေး) အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဖွဲ့တည်ထောင်ပြီးနောက် ယနေ့အထိ အောင်မြင်သောတိုက်ပွဲပေါင်း ၃၅ ခု ဆင်နွှဲနိုင်ခဲ့ကြောင်း၊ စစ်ဆင် ရေးအရှိန်မြှင့်တင်ရန်ရှိသော်လည်း လက်နက်ခဲယမ်း၀ယ်ယူရန်ခက်ခဲနေခြင်းကြောင့် ပြည်သူလူထုက ငွေအားဖြင့် ထောက်ပံ့ကူညီပေးကြစေလိုကြောင်း မေတ္တာရပ်ခံထားသည်။

စစ်နည်းဗျူဟာကျကျ အခါအခွင့်ကောင်းများလက်မလွှတ်ဘဲ တိုက်ပွဲ၀င်ရန်၊ အချိန်အခါကောင်းကို အသုံး ချပြီး တော်လှန်ရေးကိုရှေ့ဆက်ရန်အတွက် တော်လှန်သောပြည်သူလူထုက နိုင်ရာတာ၀န်ကို ကူထမ်း ပေးကြရန်လည်း အဖွဲ့က ဆိုသည်။

ပါ၀င်ထောက်ပံ့လိုသူများအနေဖြင့် ၎င်းတို့၏ တယ်လီဂရမ်ချန်နယ် @KitKatt112 သို့ ဆက်သွယ်နိုင် ကြောင်းလည်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး) အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

ဓာတ်ပုံ- မြနန္ဒာစစ်ဆင်ရေး (မန္တလေး) မှ ရဲဘော်အချို့ကို တွေ့ရစဉ်

#မြနန္ဒာစစ်ဆင်ရေး

#မန္တလေး

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly