မေလတွင် တေးသီချင်းသစ် ထွက်ရှိမည်မဟုတ်ဟု ရိန်း ပြောဆို

မေလတွင် တေးသီချင်းသစ် ထွက်ရှိမည်မဟုတ်ဟု ရိန်း ပြောဆို

တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင် ရိန်းသည် မေလတွင် တေးသီချင်းသစ်များ ထွက်ရှိ မည်မဟုတ်ကြောင်း ၎င်း၏အေဂျင်စီ Rain ကုမ္ပဏီက မတ် ၃၁ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

“ရိန်းဟာ ဒီနှစ်ထဲမှာ တေးသီချင်းသစ်တွေ ထွက်ဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ရက်အတိအကျက တော့ မသတ်မှတ်ရသေးဘူး” ၎င်း၏ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရိန်းသည် မေလတွင် တေးသီချင်းသစ်များ ထွက်ရှိသွားမည်ဟု ပြည်တွင်းမီဒီယာများက ပြောကြားနေသော်လည်း ၎င်း၏ အေဂျင်စီက ရိန်း၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲကြောင့် သီချင်းသစ်များ ထွက်ရှိနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။

ရိန်း၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ “The Squall ”ကို တရုတ်နှင့် မလေးရှားနိုင်ငံတို့၌ ဧပြီလနှင့် မေလတို့တွင် အသီသီး ကျင်းပသွားမည်ဖြစ်သည်။ အသက် ၃၃ နှစ်အရွယ်ရှိ ရိန်းသည် လက်ရှိအ ချိန်တွင် SBS ရုပ်သံ၏ ဒရမ်မာဇာတ်လမ်းတွဲ “Please Come Back, Mister” တွင်  ခေါင်းဆောင် မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly