ရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

By ပါခွီး (မဇ္စျိမ)
23 June 2023
ရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲ ၈၂၅ ရက်မြောက်အဖြစ် ယနေ့ ဇွန်လ ၂၃ရက် တွင် ဆက်လက်ချီတက်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်“ စာတန်းကို ကိုင်ဆွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ကြခြင်း ဖြစ်သည်။

ကျဆုံးခဲ့သော အာဇာနည်များအား ဦးညွှတ်အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required