ကနေဒါနိုင်ငံ အရှေ့ပိုင်းမှာ ရာနဲ့ချီတဲ့ တောမီးတွေ အကြီးအကျယ်လောင်နေလို့ ထွက်လာတဲ့ မီးခိုးငွေ့ကြောင့် အမေရိကန် နိုင်ငံဘက်ခြမ်းမှာလည်း နယူးအင်္ဂလန်ပြည်နယ်ကနေ တောင်ကာရိုလိုင်းနား ပြည်နယ်အထိ အရှေ့ဘက်ကမ်းရိုးတန်း တလျှောက်နဲ့ အိုဟိုင်းယိုးပြည်နယ်၊ အင်ဒီယားနားနဲ့ မစ်ရှီဂန်အပါအဝင် အနောက်အလယ်ပိုင်းဒေသတွေမှာ လေထုအရည်အသွေးသတိပေးချက်ကို နောက်ထပ်တစ်ရက် ထပ်တိုးကြောင်း အမေရိကန် အမျိုးသား မိုးလေဝသဌာနက ကြေညာထားပါတယ်။ ဒီလို တောမီး မြူခိုးငွေ့ တွေ ကြုံတွေရတဲ့ အခြေအနေ အကြောင်း အမေရိကန်နဲ့ ကနေဒါ နိုင်ငံမှာနေထိုင်ကြတဲ့ မြန်မာ အသိုင်းအဝန်းရဲ့ အတွေ့အကြုံ တချို့ကို ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြပေးထားပါတယ်။