ကမ္ဘာ့လူမှုအသိုင်းအဝိုင်းရဲ့ လုံခြုံရေး၊ တည်ငြိမ်မှုနဲ့ သာယာဝပြောရေးဟာ ရာသီဥတုပြောင်းလဲရေး ထိန်းချုပ်နိုင်တဲ့အပေါ် အများကြီးမူတည်နေပြီလို့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ ဇွန်လ ၁၃ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပသွားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲမှာလည်း ရာသီဥတုပြောင်းလဲမှုက လူမှုဘဝအပေါ် ဘယ်အတိုင်းအတာထိ ခြိမ်းခြောက်နေပြီလဲဆိုတာ အလေးထားဆွေးနွေးသွားပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။