ကမ်းလှမ်းခံရလျှင် အက်စတွန်ဗီလာနည်းပြနေရာကို စဉ်းစားမည်ဟု ရုဒ်ဂူလစ်ပြော

ကမ်းလှမ်းခံရလျှင် အက်စတွန်ဗီလာနည်းပြနေရာကို စဉ်းစားမည်ဟု ရုဒ်ဂူလစ်ပြော

မတ် ၃၁၊ ဘာမင်ဂမ် ။             ။ လစ်လပ်နေသော အက်စတွန်ဗီလာ နည်းပြရာထူးအတွက် ကမ်းလှမ်းခံရပါက စဉ်းစားသွားမည်ဟု ရုဒ်ဂူလစ်က အတည်ပြပြောဆိုလိုက်သည်။

အက်စတွန်ဗီလာအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ခုနစ်ပွဲကစားရန်ကျန်နေသေးချိန်တွင် အမှတ်ပေးဇယား အောက်ဆုံးရောက်နေသဖြင့် ပြင်သစ်လူမျိုးနည်းပြ ရီမီဂါဒီနှင့် ဗုဒ္ဓဟူးနေ့တွင် လမ်းခွဲခဲ့သည်။

ဖီယင်နုနှင့် အယ်လ်အေဂလက်ဇီအသင်းတို့ကို ကိုင်တွယ်ခြင်းမရှိမီ ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် ချယ်လ်ဆီးနှင့် နယူးကာဆယ်ကို တာဝန်ယူဖူးသည့် ဂူလစ်က ဗီလာပါ့ခ်တွင် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်းလည်းဖြစ်သည်။

"သူတို့ကမ်းလှမ်းလာရင် ကျွန်တော် အပီအပြင်စဉ်းစားမှာပါ။ အဲဒီအလုပ်ကိုလုပ်ဖို့ ကျွန်တော့်ကိုဝန်းရံသူတွေရှိလာရင်လည်း စဉ်းစားသွားမှာပါ"ဟု ဂူလစ်က ပြောသည်။

ရုရှကလပ် တာရက်ဂရော့ဇ်နီအသင်းမှ ၂၀၁၁ တွင်ထွက်ခွာခဲ့ပြီးနောက် အလုပ်မရှိသေးသော်လည်း နည်းပြလောကသို့ ပြန်ဝင်ရန် တွေးတော နေသည်ဟု နယ်သာလန်လက်ရွေးစင်ဟောင်း ဂူလစ်က ပြောသည်။

"အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့်ဘဝအတွက် လုပ်ရမယ့်အရာတွေလည်း ရှိခဲ့ပါတယ်။ BeInSport မှာ သုံးသပ်သူလုပ်နေရတာကိုလည်း ပျော်ပါတယ်။ ဒီမှာလုပ်နေတာလည်း အတော်ကြာပြီ။
နည်းပြတစ်ယောက်ဖြစ်ရတာ နေ့တိုင်းဖိအားများပါတယ်။ ဖိအားတွေကို ကိုယ်လိုချင်ရင် လိုချင်သလောက်ရမယ်။ ဒါပေမဲ့ သူတို့ကမ်းလှမ်း လာရင်တော့ ကျွန်တော် တကယ်စဉ်းစားမှာပါ"ဟု ဂူလစ်ကပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly