ကန့်ကွက်မှုများကြားမှပင် ထိုင်းအစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပမည်ဟုဆို

By Mizzima
19 June 2023
ကန့်ကွက်မှုများကြားမှပင် ထိုင်းအစိုးရက မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပမည်ဟုဆို

ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေရဲ့ အပြင်းအထန်ဝေဖန်မှုကို ခံနေရတဲ့  ထိုင်းအစိုးရက ဦးဆောင်ကျင်းပမယ့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဇွန် ၁၉ရက် အခု တနင်းလာနေ့မှာ ကျင်းပမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့နှောင်းပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။

ထိုင်းအစိုးရကစီစဉ်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဓိကအဖွဲ့ဝင်နိုင်ငံတွေက တက်ရောက်ဖို့ ငြင်းဆန်နေကြပြီးလက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Mersudi ကတော့ မြန်မာပြဿနာ ချည်းကပ်ပုံ သစ်ရှာပြီး ထိတွေ့ဆက်ဆံဖို့ဆိုတာမျိုး အားလုံး ဘုံသဘောတူချက် မရထားသေးဘူးလို့ ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားမှုကို အကြောင်းပြန်တဲ့ စာထဲမှာ ထောက်ပြထားပါတယ်။

စစ် ကောင် စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်မှုအပေါ် စင်ကာပူက ဝေဖန်ထားပြီး  မြန်မာ့အရေးတိုးတက်လာမှုမရှိသေးသလို အာဆီယံဘုံသဘောထားကိုလည်း အကောင်အထည်မဖော်နိုင်သေးတာမို့ အာဆီယံထိပ်သီးအဆင့် ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီနဲ့ဆက်ဆံဖို့ဆိုတာ စောလွန်းသေးတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က တုန့်ပြန်ထားပါတယ်။

ဗီယက်နမ်နိုင်ငံကလည်း အာဆီယံရဲ့ အရင်သဘောတူညီချက်အတိုင်း ရှိနေတာကြောင့် ဒီဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့သလို၊ မလေးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကလည်း မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Nantiwat Samart ကတာ့ အခုလို မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့တဲ့အပေါ် ကာကွယ်ပြောဆိုလိုက်ပြီး မြန်မာစစ်ကောင်စီကို အာဆီယံအဖွဲ့ထဲကနေ လုံးဝချန်လှပ်ထားတာမျိုး မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly