ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထပ်ပြီးစစ်ရှောင်နေရ(ရုပ်သံ)

By လွမ်းမိုး (မဇ္ဈိမ)
18 June 2023
ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထပ်ပြီးစစ်ရှောင်နေရ(ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေ ထပ်ပြီးစစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဇွန်လ ၈ ရက်နေ့ကစပြီး ဒေသခံတွေက စစ်ရှောင်နေရတာဖြစ်တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာတဲ့နောက် ဇွန်လ ၉ရက်နေ့ကစပြီး ကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်လာတဲ့အကြောင်း ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းဟာ လက်ရှိ ညောင်ပင်ကြီးကျေးရွာမှာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။ ညောင်ပင်ကြီး စခန်းအနီးမှာရှိတဲ့ ဒေသခံတွေပိုင်တဲ့ မြေပေါ်မှာ အထိုင်တပ်စခန်းတစ်ခု တည်ဆောက်သွားဖို့ လုပ်နေကြတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ရုပ်သံတည်းဖြတ်။        ။ ရွှေနွယ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required