အဲလ်တန်ဂျွန်၏ ရှေ့နေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွဲချက်ကို ပယ်ချ

အဲလ်တန်ဂျွန်၏ ရှေ့နေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွဲချက်ကို ပယ်ချ

ပေါ့ပ်အဆိုတော် အဲလ်တန်ဂျွန်အပေါ် လုံခြုံရေး အစောင့်ဟောင်းတစ်ဦးက စွဲချက်တင်ထားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွဲချက်ကို အဲလ်တန်ဂျွန်၏ ရှေ့နေက ပယ်ချခဲ့သည်။

လုံခြုံရေး ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဂျက်ဖရီဝမ်နင်ဂါက အသက် ၆၉ နှစ်အရွယ် ပေါ့ပ်အဆိုတော် အဲလ်တန်ဂျွန်သည် ၎င်းအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့သည့်အပြင် မသင့်လျော်သော အပြုအမူများကို အကြိမ်အကြိမ် လုပ်ဆောင်ခဲ့ကြောင်း စွဲချက်တင်ခဲ့သည်။ ဝမ်နင်ဂါသည် ယင်းဖြစ်ရပ် ဖြစ်ပွားချိန်က ၎င်းအလုပ်လုပ်ခဲ့သည့် ကုမ္ပဏီကိုလည်း တရားစွဲထားသည်။

ဂျက်ဖရီဝမ်နင်ဂါသည် လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်သည့်အပြင် ၂၀၁၄ ခုနှစ် စက်တင်ဘာလအထိ အဲလ်တန်ဂျွန်၏ လုံခြုံရေးအစောင့်အဖြစ် လုပ်ဆောင်ခဲ့သည်။

“ လုံခြုံရေးဝန်ထမ်းဟောင်းဟာ ထိုက်တန်မှုမရှိတဲ့ လစာအပေါ် ပုံကြီးချဲ့ဖို့အတွက် ဒီလို အခြေအမြစ်မရှိတဲ့ စွဲချက်တွေကို တင်ခဲ့တာဖြစ်ပါတယ်။ ဒီတရားစွဲမှုဟာ မမှန်ကန်ပါဘူး”ဟု ရှေ့နေဖြစ်သူက  People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly