မေလ ၃၁ ရက်နေ့က မင်းတပ်အခြေစိုက် ခရလ(၂၇၄) မှပစ်ခတ်သည့် လက်နက်ကြီးကျည်ထိ မှန်ပြီး မဟာဓာတ်အားလိုင်းတာဝါတိုင်ပြိုလဲသွားခြင်းကြောင့် မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ် များတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း သိရသည်။
“အခုဆိုရင် မင်းတပ်မှာမီးမလာတာကြာပြီ။ အရင်က ဆိုလာပြားတွေကိုသုံးနေတာ၊ ဒီရက်ပိုင်း မိုးက တောက်လျောက်ရွာနေတယ်။ နေကမထွက်တော့ ဆိုလာပြားတွေလည်းအဆင်မပြေတော့ ဆိုင်ကယ် ဘက်ထရီတွေကနေတဆင့် ဖုန်းအားသွင်းလို့ရအောင်လုပ်ပြီး သုံးနေရတယ်” ဟု မင်းတပ်ဒေသခံတဉီးက ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်းတွင် ပလက်ဝမြို့နယ်မှအပ ကျန်မြို့နယ်အားလုံးသည် ပေါက်၊ ကျောက်ထု၊ မင်း တပ်၊ မတူပီလမ်းတလျောက်ရှိ မဟာဓါတ်အားလိုင်းကိုသာအသုံးပြုနေရပြီး လက်ရှိပျက်စီးသည့် တာဝါ တိုင်နေရာမှာ ဒေသခံကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသည့်နေရာဖြစ်သည့်အတွက် ရက်အကန့် အသတ်မရှိ ဓာတ်အားပြတ်တောက်နေဦးမည်ဖြစ်ကြောင်းလည်း သိရသည်။
ယခင်က မတူပီမြို့တွင် စစ်တပ်ပိုင် ဘုံတလာရေအားလျှပ်စစ်ကိုအသုံးပြုနေသော်လည်း အာဏာသိမ်း ပြီးနောက်တွင် အဆိုပါဘုံတလာရေအားလျှပ်စစ်ကို ဗျူဟာကုန်းနှင့် (၁၄၀)တပ်ရင်းအတွက်သာ အသုံး ပြုနေသည့်အတွက် ဒေသခံကာကွယ်ရေးတပ်များမှ ဖေါက်ခွဲဖျက်ဆီးခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ