"စစ်ဘေးရှောင် စာသင်ကျောင်းတွေမှာ စာအံသံတွေ ပြန်ကြားရပါပြီ" (ရုပ်၊ သံ)

By KMN (မဇ္ဈိမ)
12 June 2023
"စစ်ဘေးရှောင် စာသင်ကျောင်းတွေမှာ စာအံသံတွေ ပြန်ကြားရပါပြီ" (ရုပ်၊ သံ)

စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ကန့်ဘလူ၊ ရေဦး၊ ကနီ စတဲ့ဒေသတွေက စစ်ဘေးရှောင်တွေထဲမှာ ပညာသင်ကြားနေတဲ့ ကလေးသူငယ်အရွယ်တွေပါဝင်နေပြီး သူတို့အတွက် အခြေခံပညာသင်ကြားမှု ရရှိ ဖို့လိုအပ်နေပါတယ်။

ပြည်သူတွေလှူဒါန်းတဲ့ငွေကြေးတွေနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ S&C မီးဘေး၊ စစ်ဘေး၊ ပညာ ရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေကို ဆောက်လုပ်ပေးနေပါတယ်။

စစ်ရှောင်ကလေးသူငယ်တွေနဲ့ စစ်ကောင်စီရဲ့ကျောင်းတွေမှာ မတက်ရောက်ချင်သူတွေအတွက် ကိုယ်ထူ ကိုယ်ထ စာသင်ကျောင်း ၁၄ ကျောင်းကို ဖွင့်လှစ်ထားနိုင်ပြီလို့ သိရပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly