မန်စီးတီးမှ ထွက်ခွာရန် ယာယာတိုရေး ပြင်ဆင်နေ

မန်စီးတီးမှ ထွက်ခွာရန် ယာယာတိုရေး ပြင်ဆင်နေ

မတ် ၃၀၊ မန်ချက်စတာ ။            ။ မန်စီးတီးအသင်းက စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်းမှု မရှိသည့်အတွက် ယာယာတိုရေးသည် အသင်းပြောင်းရွှေ့ရန် အခြားကလပ်အသင်းများနှင့် ဆွေးနွေးနေပြီဖြစ်ကြောင်း အိုင်ဗရီကို့စ်လက်ရွေးစင်၏ အေးဂျင့်ဖြစ်သူက ပြောသည်။

မန်စီးတီးနှင့် ချုပ်ဆိုထားသည့် ယာယာတိုရေး၏ လက်ရှိစာချုပ်မှာ သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် အေးဂျင့် ဒီမီဒရီဆီလက်က မန်စီးတီးအသင်းအနေဖြင့် ယခုနှစ်ရာသီအကုန်တွင် ယာယာတိုရေးကို စာချုပ်သစ် မချုပ်ဆိုပါက အီတီဟတ်ကွင်းကို စွန့်ခွာတော့မည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

ယခုအချိန်တွင် အသက် ၃၂ နှစ်အရွယ်ရှိ ယာယာတိုရေးကို ဥရောပထိပ်သီးအသင်းကြီးများဖြစ်သည့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နှင့် ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

'လာမယ့် နွေရာသီမှာ ယာယာတိုရေး အသင်းပြောင်းရွှေ့ဖို့ အခုကတည်းက အခြားကလပ်တွေနဲ့ ဆွေးနွေးနေပါပြီ။ ဒီအချိန်မှာ စီးတီးကတော့ ဘာမှ မလုပ်ပါဘူး။ ယာယာက စီးတီးအတွက် အရာရာပေးဆပ်ခဲ့တဲ့သူပါ။ ဒါပေမဲ့ အသင်းဘက်က တူညီတဲ့တန်ဖိုးထားမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရပါတယ်' ဟု အေးဂျင့်ဆီလက်က ပြောသည်။

ယာယာတိုရေးသည် ယခုနှစ်ရာသီတွင် မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲ ပါဝင်ကစားခဲ့ပြီး ခြောက်ဂိုးသွင်းယူထားသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly