ဆန်ကြမ်း ၁ အိတ်လျှင် ကျပ် ၆၀,၀၀၀ ကျော်ရှိလာ(ရုပ်သံ)

By မိုးသောက် (မဇ္ဈိမ)
09 June 2023
ဆန်ကြမ်း ၁ အိတ်လျှင် ကျပ် ၆၀,၀၀၀ ကျော်ရှိလာ(ရုပ်သံ)

အာဏာသိမ်းပြီးနှစ်နှစ်ကျော် ကာလအတွင်း ဆန်ကြမ်းတစ်အိတ်ဈေးမှာ မြန်မာကျပ်ငွေ ၆၀,၀၀၀ ကျော် ရှိလာပြီလို့ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)က ဇွန်လ ၈ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

သူတို့ရဲ့ထုတ်ပြန်ချက်တွေအရ ဆန်ကြမ်းစာရင်းဝင်တဲ့ ရက် ၉၀ ဆန်က တစ်အိတ်ကို ၇၀,၀၀၀ ကျပ်ကနေ ၇၅,၀၀၀ ကျပ်အထိရှိနေပြီး သီးထပ်ဆန်ဟာလည်း မြန်မာကျပ်ငွေ ၆၂,၀၀၀ကျော်အထိ ရှိလာတာပါ။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန်ဈေးတွေဟာ တစ်စတစ်စ ပိုမိုမြင့်တက်လာတယ်လို့ ရန်ကုန်မြို့က ဆန်လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly