အန်ဂိုလာ ရက်ပ်ပါ Luaty Beirao ပုန်ကန်မှုဖြင့် ထောင်ငါးနှစ်ကျော် ချမှတ်ခံရ

အန်ဂိုလာ ရက်ပ်ပါ Luaty Beirao ပုန်ကန်မှုဖြင့် ထောင်ငါးနှစ်ကျော် ချမှတ်ခံရ

အန်ဂိုလာနိုင်ငံ၏ ကျော်ကြားသော ရက်ပ်အဆိုတော် Luaty Beirao သည် သမ္မတ ဂျိုးစ် အက်ဒူအာဒိုဒို့စ်ဆန်တို့စ်ကို ပုန်ကန်မှုဖြင့် ထောင်ဒဏ် ငါးနှစ်ခွဲ ချမှတ်ခြင်း ခံခဲ့ရသည်။

နိုင်ငံမြို့တော် လုအန်ဒါမြို့ရှိ တရားရုံးတစ်ရုံးက Luaty Beirao နှင့် တက်ကြွလှုပ်ရှားသူ ၁၆ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တတ်ကြွလှုပ်ရှားသူ ၁၆ ဦးကို ထောင်ဒဏ် နှစ်နှစ်နှင့် ရှစ်နှစ်အကြား ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသားရေးအဖွဲ့က ကန်ဂါရိုတရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ Luaty နှင့် တက်ကြွလှုပ်ရှားသူ ၁၆ ဦးသည် ၎င်းတို့၏ စာအုပ်အသင်းတွင် အကြမ်း မဖက်ရေးမူ တော်လှန်ခြင်းအကြောင်း ရေးသားထားသော စာအုပ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြလုပ်ခဲ့ပြီးနောက် ဇွန်လက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

သမ္မတ ဒို့စ်အန်တို့စ်သည် ရေနံချမ်းသာကြွယဝသော အန်ဂိုလာနိုင်ငံကို ၁၉၇၉ ခုနှစ်မှ စတင် ကာ အုပ်ချုပ်ခဲ့သည်။

Luaty သည် အစိုးရအဖွဲ့ကို ပြစ်တင်ရှုတ်ချခဲ့ပြီး  နိုင်ငံ၏ရေနံကြွယ်ဝမှုကို မျှမျှတတ ခွဲဝေပေး ရေးကို တောင်းဆိုခဲ့သည်။ Luaty သည် အကျဉ်းချခံနေရစဉ် စက်တင်ဘာလက သီတင်းပတ်ငါးပတ် အစာငတ်ခံ ဆန္ဒပြခဲ့သည်။

ယင်းတရားစီရင်မှုသည် ကမ္ဘာလုံးဆိုင်ရာ နာကြည်းမှုကို တိုးမြှင့်စေပြီး လူ့အခွင့်ရေးအဖွဲ့များက ဒို့စ်အန်တို့စ်၏ အစိုးရအဖွဲ့သည် အာဏာတည်မြဲရေးကို လုပ်ဆောင်ရာတွင် ဖိနှိပ်မှုများကို တိုးမြှင့်လုပ် ဆောင်နေသည်ကို ပြသနေကြောင်း ပြောကြားခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသော တတ်ကြွလှုပ်ရှားသူများသည် နိုင်ငံကို ၃၆ နှစ်ကြာ အုပ်ချုပ်နေ သော သမ္မတ ဒို့စ်အန်တို့စ် ရာထူးမှ နှုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုမှုကို ယခင်က လုပ်ဆောင်ခဲ့ ဖူးသည်။

Luaty နှင့် တတ်ကြွလှုပ်ရှားသူများသည် ၎င်းတို့၏ စာအုပ်အသင်းတွင် ၁၉၉၃ ခုနှစ်က ဂျီနီရှပ် ရေးသားထားသော “From Dictatorship to Democracy : A Concenptual Framework for Liberation” စာအုပ်အကြောင်းကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly