နိုင်ငံရေးမှာ မြန်မာစစ်တပ် ဝင်မပါဖို့ အင်ဒိုနီးရှားဝန်ကြီး တိုက်တွန်း

06 June 2023
နိုင်ငံရေးမှာ မြန်မာစစ်တပ် ဝင်မပါဖို့ အင်ဒိုနီးရှားဝန်ကြီး တိုက်တွန်း

ပြည်သူကို သစ္စာရှိပြီး အရပ်သားအုပ်ချုပ်ရေးကို လက်ခံတဲ့ အင်ဒိုနီးရှားစစ်တပ်ကို ဂုဏ်ယူပြီး မြန်မာစစ်တပ်ကိုလည်း အင်ဒိုနီးရှားလို နိုင်ငံရေးမှာ ဝင်မပါတဲ့ စစ်တပ် ဖြစ်စေချင်တယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး Prabowo Subiano ပရာဝိုဘို ဆူဘီယန်တိုက ပြောကြားလိုက်ပါတယ်။ 

ဇွန်လ ၃ ရက်က စင်ကာပူမှာပြုလုပ်တဲ့ အကြိမ် ၂၀ မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲရဲ့ အမေးအဖြေကဏ္ဍာ မှာ ပရာဝိုဘိုက အင်ဒိုနီးရှားစစ်တပ်အား ပြည်သူကို အလေးမထားတဲ့ မြန်မာစစ်တပ်နဲ့ နှိုင်းယှဉ်သွားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်ဟာ ပြည်သူတွေ မျက်နှာကြည့်ပြီး ပြည်သူ့တပ်မတော်ဖြစ်ဖို့ ၁၉၉၈ မှာ နိုင်ငံရေးကနေ ဆန္ဒအလျောက် နုတ်ထွက်ပေးခဲ့တယ်လို့ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ပရာဝိုဘိုဆူဘီယန်တို က စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှပစိဖိတ် လုံခြုံရေးဆွေးနွေးပွဲမှာ ပြောသွားတာပါ။

အင်ဒိုနီးရှားနိုင်ငံကလည်း အရပ်သားနဲ့စစ်တပ်ကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ ခက်ခဲသော အတိတ် ကာလတစ်ရပ် ရှိခဲ့ပေမယ့် အင်ဒိုနီးရှားစစ်တပ်ဟာ ကြားနေစနစ် ကျင့်သုံးဖို့ နိုင်ငံရေးကနေ ထွက်ခွာခဲ့တယ်လို့ သူက ပြောပါတယ်။

“စစ်တပ်က နိုင်ငံရေးကနေ ဆန္ဒအလျှောက် ထွက်ခွာတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ နမူနာတွေအနက် အင်ဒိုနီးရှား နိုင်ငံရဲ့ဖြစ်စဉ်က နမူနာတစ်ခုလို့ ကျွန်တော်ထင်ပြီး အဲဒီအတွက် ကျွန်တော် ဂုဏ်ယူပါတယ်” လို့ ပရာဝိုဘိုက ဆို ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required