ကြားကာလပညာရေး စတင်ရာ ဝက်လက်မြို့နယ်က နပဲလင်လှရွာကို စစ်တပ်က မီးရှို့  (ရုပ်/သံ)

By MTO (မဇ္စျိမ)
05 June 2023
ကြားကာလပညာရေး စတင်ရာ ဝက်လက်မြို့နယ်က နပဲလင်လှရွာကို စစ်တပ်က မီးရှို့  (ရုပ်/သံ)

ကြားကာလပညာရေးကို စတင်အကောင်အထည်ဖော်ခဲ့တဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နပဲပင်လှ ကျေးရွာကို ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ နပဲပင်လှ ကျေးရွာက လူနေအိမ်တွေအပြင် ဘုန်းကြီးကျောင်းနဲ့ စာသင်ဆောင် နှစ်ခုကိုပါ မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုမီးရှို့ဖျက်စီးခံရတဲ့ ဘုန်းကြီးကျောင်းနှင့် စာသင်ဆောင် ၂ ခုဟာ စစ်တပ်က အာဏာသိမ်းပြီး နောက် NUG အစိုးရက လုပ်ဆောင်နေတဲ့ ကြားကာလ ပညာရေးစတင်ရာ ကျောင်းဆောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဒီလိုဝင်ရောက်မီးရှို့ခဲ့တာကြောင့် စာသင်ဆောင်တွေ မီးလောင်ပျက်စီးပြီး ကလေးငယ်တွေ ပညာသင်ကြားရေးအတွက် အခက်အခဲတွေ ဖြစ်လာတယ်လို့  ဝက်လက်မြို့နယ်လူထုတိုက်ပွဲကော်မတီ အဖွဲ့ ဝင် ကိုငြိမ်းချမ်းနိုင်က မဇ္ဈိမကို ပြောပါတယ်။

စာတည်း။   ။ နောင်နောင်
တည်းဖြတ် / တင်ဆက် -- MTO
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly