မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး  နိုင်ငံတကာရဲ့ ဖြေရှင်းဆောင်ရွက်မှုကင်းမဲ့ခြင်းက ပိုမိုခက်ခဲဆိုးရွားစေခဲ့ကြောင်း နိုလင်းဟေဇာပြော

05 June 2023
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး  နိုင်ငံတကာရဲ့ ဖြေရှင်းဆောင်ရွက်မှုကင်းမဲ့ခြင်းက ပိုမိုခက်ခဲဆိုးရွားစေခဲ့ကြောင်း နိုလင်းဟေဇာပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖြေရှင်းဆောင်ရွက်မှု ကင်းမဲ့ခြင်းက အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရာမှာ သူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို ပိုမိုခက်ခဲဆိုးရွား စေခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း (NUG)  နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောပါတယ်။

ရလဒ်အနေနဲ့ကတော့ သူ့ရဲ့ အထူးကိုယ်စားလှယ် သက်တမ်းအတွင်း တရားမဝင် စစ်အုပ်စုက ကြမ်းကြုတ်ရက်စက်ယုတ်မာမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တောင်းဆိုချက်တွေကို လျစ်လျူရှုကာ အာဆီယံ အဖွဲ့ကြီးနဲ့ သဘောတူညီထားတဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုတွေကိုလည်း ဟန့်တား နှောင့်ယှက်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်းသိရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဆစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန် ၂ ရက်နေ့က တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly