သူလျှိုဂြိုဟ်တုလွှတ်တင်ရန် ကြိုးပမ်းမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယားကို အရေးယူဆောင်ရွက်ရေး ကြိုးပမ်းချက်ကို တရုတ်နှင့် ရုရှား ကန့်ကွက်

သူလျှိုဂြိုဟ်တုလွှတ်တင်ရန် ကြိုးပမ်းမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယားကို အရေးယူဆောင်ရွက်ရေး ကြိုးပမ်းချက်ကို တရုတ်နှင့် ရုရှား ကန့်ကွက်

 မြောက်ကိုရီးယား၏ သူလျှိုဂြိုဟ်တုလွှတ်တင်ရန် ကြိုးပမ်းမှုနှင့်  ပတ်သက်ပြီး ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ (UNSC) အစည်းအဝေးတွင် မြောက်ကိုရီးယားအပေါ် အရေးယူရန် အမေရိကန်ဦးဆောင်သည့် တောင်းဆိုမှုကို တရုတ်နှင့် ရုရှားတို့က ထပ်မံကန့်ကွက်ခြင်းကြောင့် ဇွန်လ ၂ ရက်တွင် သဘောတူညီမှုတစ်စုံ တစ်ရာမရရှိဘဲ ပြီးဆုံးသွားခဲ့သည်။

ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုပြီးနောက် ပြစ်တင်ရှုတ်ချရန်နှင့် ပိတ်ဆို့မှုအသစ်များပြုလုပ်ရန် အမေရိကန်၏ တောင်း ဆိုချက်များကို မြောက်ကိုရီးယား၏ အဓိကမဟာမိတ်များက တစိုက်မတ်မတ် ဗီတိုအာဏာသုံးခြင်းက လုံခြုံရေးကောင်စီ အတွင်း သဘောထားကွဲလွဲမှုများ ကာလာကြာရှည်ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသော်လည်း ယခင် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များက လွှတ်တင်ခဲ့သည့် ဂြိုဟ်တုလွှတ်တင်ခြင်းများနှင့်မတူဘဲ မေလ ၃၁ရက် ဂြိုဟ်တုလွှတ်တင်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများမှာ ပိုမိုသိသာထင်ရှားလာသည်။ 

“ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်က စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်နေလို့ တင်းမာမှုတွေ ဖြစ်ပေါ်စေပြီး ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေခဲ့ပါတယ်” ဟု တရုတ်ကိုယ်စားလှယ် ဂန်ရှုအန်က ပြောကြား ခဲ့ပြီး အမေရိကန်၏ လုပ်ဆောင်မှုများကြောင့် မြောက်ကိုရီးယားတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။

 ရုရှားသံတမန် အန်နာအီစတင်နီဗာက အဆိုပါ ရပ်တည်ချက်ကို သံယောင်လိုက်ပြီး အမေရိကန်-တောင်ကိုရီး ယား-ဂျပန်တို့၏ စစ်ရေးလေ့ကျင့်မှုအား ဝေဖန်ပြောကြားခြင်းမရှိဘဲ မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်ရေး နှင့် ပတ်သက်ပြီး ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်နှင့် လက်ထောက်အထွေထွေ အတွင်းရေးမှူးတို့၏ တစ်ဖက်သတ်ဝေဖန်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ 

 သတင်းစာ ရှင်းလင်းပွဲအစပိုင်းတွင် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ ကုလသမဂ္ဂလက် ထောက်အထွေထွေ အတွင်းရေးမှူး ရိုဆီမာရီ ဒီကာလိုက ဒုံးပျံနည်းပညာ အသုံးပြုခြင်းကြောင့် မြောက်ကိုရီး ယား၏   ဂြိုဟ်တုလွှတ်တင်ပိုင်ခွင့် ပျက်ပြယ်သွားကြောင်း ပြောကြားခဲ့သည်။

 “မြောက်ကိုရီးယားက ပြောကြားသလိုပါပဲ ဂြိုဟ်တုလွှတ်တင်တာနဲ့ အာကာသ လှုပ်ရှားမှုတွေကနေ အကျိုး အမြတ်ရဖို့က အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ အခွင့်အရေးပါပဲ” ဟု သူမက ပြောကြားခဲ့သည်။

  “ဒါပေမယ့် ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေမှာ ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုပြီး ဂြိုဟ်တုတွေ လွှတ်တင် ခြင်းမပြုဖို့ မြောက်ကိုရီးယားကို အတိအလင်း တားမြစ်ထားပါတယ်”လုံခြုံရေးကောင်စီမှ စုပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သော်လည်း "စည်းလုံးညီ ညွတ်မှုနှင့်  လက်တွေ့အရေးယူဆောင်ရွက်မှုကင်းမဲ့မှု" သည် ကိုရီးယားကျွန်းဆွယ်ရှိ တင်းမာမှုများကို ဖြေရှင်း ရန် အတားအဆီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ဆိုခဲ့သည်။

 ဂြိုဟ်တုလွှတ်တင်ခြင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြစ်တင်ရှုတ်ချပြီးနောက် ဒီကာလို၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သော်လည်း မြောက်ကိုရီးယားက ၎င်း၏ “ဘက်လိုက်ပြီး၊ မျှတမှုမရှိသည့်” ရပ်တည်ချက်ကို ပြစ်တင်ဝေဖန်ကာ ဂြိုဟ်တုလွှတ်တင်ရန် အချုပ်အခြာအာဏာပိုင် အခွင့်အရေးရှိကြောင်း ပြောကြားခဲ့သည်။

 ယင်းလွှတ်တင်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုဖြစ်ကြောင်း ဇွန်လ ၂ ရက်အစည်းအဝေးအတွင်း ဂျပန် နှင့် တောင်ကိုရီးယား အပါအဝင် အမေရိကန်နှင့် အခြားနိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချခဲ့သည်။

 “ဒီလွှတ်တင်မှုက မအောင်မြင်နိုင်ပေမယ့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အများအပြားကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ပြီး တင်းမာမှုတွေ တိုးလာစေကာ ဒေသတွင်းကို ကျော်လွန်ပြီး ရှိရင်းစွဲ ထိလွယ်ရှလွယ် လုံခြုံရေး အခြေအနေတွေကို ပိုမို မတည်မငြိမ်ဖြစ်စေမယ့် အန္တရာယ်ရှိနေပါတယ်” ဟု အမေရိကန်သံတမန် ရော ဘတ်ဝုဒ်က ပြောကြားခဲ့သည်။  

 ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ညွှန်ကြားချက်များကို ချိုးဖောက်ကာ ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြု မှုကြောင့် မြောက်ကိုရီးယား၏ ၂၀၁၃ခုနှစ်နှင့် ၂၀၁၆ခုနှစ် ဂြိုဟ်တုလွှတ်တင်မှုများကို ကုလသမဂ္ဂက ဆုံးဖြတ် ချက် ၂၀၈၇ နှင့် ၂၂၇၀ တို့ဖြင့် ကန့်ကွက်အရေးယူခဲ့ခြင်းကိုလည်း ၎င်းက ကိုးကား၍ ဖော်ပြခဲ့သည်။

 မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအပြီး ယခင် UNSC အစည်းအဝေးများကဲ့သို့ပင် တရုတ်နှင့် ရုရှားတို့က ဒေသတွင်းရှိ အမေရိကန်ဦးဆောင်သော စစ်ရေးလှုပ်ရှားမှုများကို ပြစ်တင်ဝေဖန်ခဲ့ပြီး သံတမန်ရေးဆိုင်ရာ အဖြေမရှာနိုင်ခြင်းအတွက် အမေရိကန်တွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

https://www.nknews.org/2023/06/china-and-russia-oppose-un-security-counc...
China and Russia oppose UN Security Council action after DPRK satellite launch

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required