လာမည့်ရာသီတွင် အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိနေမည်ဟု အာစင်ဝင်းဂါး ပြော

လာမည့်ရာသီတွင် အာဆင်နယ်နည်းပြအဖြစ် ဆက်ရှိနေမည်ဟု အာစင်ဝင်းဂါး ပြော

မတ် ၂၉၊ လန်ဒန် ။            ။ ပြင်သစ်လူမျိုးနည်းပြ အာစင်ဝင်းဂါးက အာဆင်နယ်အသင်းမှ ထွက်ခွာသွားရန် စဉ်းစားခြင်း မရှိကြောင်း အတည်ပြုခဲ့ပြီး အနည်းဆုံး နောက်တစ်ရာသီခန့် လန်ဒန်အခြေစိုက်ကလပ် အသင်းတွင် ဆက်နေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှ ခြောက်နှစ်ဆက် ထွက်ခွာခဲ့ရခြင်း၊ နှစ်ကာလ များစွာ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရခြင်းနှင့် လက်ရှိအသင်း၏ အခြေအနေများကြောင့် အာဆင်နယ်ပရိသတ် အချို့မှာ အာစင်ဝင်းဂါးကို အသင်းမှ ထွက်ခွာသွားရန် အလိုရှိနေကြသည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းနှင့် သုံးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပြီး စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ ဝင်ရောက်တော့မည် ဖြစ်သည်။

'ဒီရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ အတောအတွင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် စပါးနဲ့ ပွဲစဉ်အပြီးမှာပါ။ ကံကြမ္မာက ဆိုးရွားခဲ့ပါတယ်။

ကျွန်တော်ချစ်တဲ့ ကလပ်အတွက် တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားခဲ့တာပါ။ ကျွန်တော့်ရဲ့ ကြိုးစားမှုက အကောင်းဆုံးဖြစ်ခဲ့တယ်ဆိုရင် အသင်းပရိသတ်တွေနဲ့ အတူမျှဝေခံစားနိုင်ပါတယ်။ ဒါကို ကျွန်တော်လုပ်မှာပါ။ အကောင်းဆုံးတွေကိုပေးပြီး ကျွန်တော့်ရဲ့ ဗဟုသုတတွေကိုအသင်းမှာ ဖြန့်ဖြူးပေးသွားမှာပါ။

နောက်ရာသီအသင်းမှာ ဆက်ရှိနေမှာကို သံသယနည်းနည်းလေးတောင် မရှိပါဘူး။ လူတွေ ပြောနေကြသလိုမျိုး နည်းနည်းလေးမှ စိုးရိမ်ပူပန်မှု မရှိပါဘူး' ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly