စစ်ကောင်စီလက်အောက်ခံတရားရုံးက ကံပေါက်ဒေသမှ အမျိုးသမီး ၁ ဦးကို ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ

By ကိုရွှေမြိတ်(မဇ္ဈိမ)
30 May 2023
စစ်ကောင်စီလက်အောက်ခံတရားရုံးက ကံပေါက်ဒေသမှ အမျိုးသမီး ၁ ဦးကို ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှ အမျိုးသမီးတဦးကို မေလ ၂၄ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၀ နှစ် အမိန့်ချ မှတ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ထားဝယ်အကျဉ်ထောင် ထောင်တွင်းတရားရုံးက ထောင် ၁၀ နှစ် အမိန့်ချမှတ်ခံရသူ မမီးသက်(၃၂ နှစ်) အား ယခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီက ကံပေါက်ဒေသ လှည်းကုန်း အမှတ်(၁) ရပ်ကွက်ရှိနေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 “PDF အဖွဲ့ကို ငွေကြေးထောက်ပံ့တယ်လို့စွပ်စွဲပြီး ပုဒ်မ ၅၀(ည)နဲ့ အမိန့်ချမှတ်ခံလိုက်ရတယ်”ဟု ၎င်း နှင့် နီးစပ်သူတဦးက မဇ္ဈိမကိုပြောသည်။

မမီးသက်နှင့် ကံပေါက်ဒေသများကို PDF အဖွဲ့အား ထောက်ပံ့နေသည်ဟုစွပ်စွဲပြီးဖမ်းဆီးခဲ့ကာ တပတ်ခန့် စစ်ဆေးမေးမြန်းပြီးနောက် ဒေသခံများအား ပြန်လွတ်ပေးခဲ့သည်။ မမီးသက်ကိုမူ ကံပေါက်ဒေသရှိ မောရ၀တီရေတပ်တွင် တလခန့်စစ်ဆေးပြီးနောက် ထားဝယ်အချုပ်ထောင်သို့ ပို့ဆောင်လိုက်ပြီး သုံးလ ခန့်အကြာတွင် ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly