ကနေဒါနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဇီဝဂေဟစနစ်ဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ နိုင်ငံပေါင်း ၂၀၀ သမိုင်းဝင် သဘောတူညီမှုတရပ် ရရှိခဲ့ပါတယ်။ အမေရိကန်၊ ယူကရိန်းနဲ့ ပိုလန်နိုင်ငံ က ဆရာဝန်တွေ ပေါင်းပြီး ယူကရိန်း ကလေးငယ်တွေရဲ့ အမာရွတ်တွေကို ကုသပေးနေပါတယ်။ Pop Culture အစီအစဥ်မှာတော့ အော်စကာ မကြာခင်ကပဲရထားတဲ့ မင်းသမီးမီရှဲလ်ယိုး ကန်းရုပ်ရှင်ပွဲတော်မှာ ဂုဏ်ပြုဆုတခု ရရှိပါတယ်။ဒီသတင်းဆောင်းပါးတွေနဲ့အတူ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မေ ၃၀ ရက်၊ အင်္ဂါမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။