တမူးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို PDF က ဖမ်းဆီးအရေးယူ

By ပါခွီး (မဇ္ဈိမ)
29 May 2023
တမူးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို PDF က ဖမ်းဆီးအရေးယူ

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ နန်းကလား စော်ဘွား(၄)ရပ်ကွက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) တပ်ရင်း(၄)ထံမှ သိရ သည်။

တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးချက်အရ မေလ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ နေသူများရှိသည့်အိမ်ကိုဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီးတဦးအပါအဝင် ခြောက်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

“ကျနော်တို့ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ပစ္စည်း အရောင်းအဝယ်လုပ်ထားတဲ့ ငွေတချို့နဲ့ ဖုန်း လေးလုံးကို သိမ်းခဲ့ပါတယ်။ သူတို့ကိုတော့ ခံဝန်သတိပေးပြီး ကြိမ်ဒဏ်အပြစ်ပေးခဲ့ပါတယ်” ဟု PDF – Tamu တပ်ရင်း(၄)မှ တိုက်ခိုက်ရေးခေါင်းဆောင်ဗိုလ်ခန့်က မဇ္စျိမကိုပြောသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ (ဆပ်ပြာခွက်နှစ်ခွက်)၊ WY စိတ်ကြွဆေးနှစ်ပြားနှင့် ဆက် စပ်ပစ္စည်းများဖြစ်ပြီး ဘိန်းဖြူဆပ်ပြာခွက်တခွက်လျှင် ကာလတန်ဘိုးကျပ် ၃၅၀,၀၀၀ (သုံးသိန်းခွဲ) ခန့်ရှိ ကြောင်း သိရသည်။

၎င်တို့အား ကြိမ်ဒဏ် အချက် ၃၀ စီ အပြစ်ပေးခဲ့ပြီး ခံဝန်သတိပေးကာ ထပ်မံပြုလုပ်ပါက မြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ) ထံ အပ်နှံပြီး အရေးယူသွားမည်ဟု အသိပေးခဲ့ကြောင်း ဆိုသည်။

တမူးမြို့နယ်အတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး ဆိုင်ကယ်အပါအဝင် ခိုးယူလုယက်ခြင်းများဖြစ် ပွားလျက်ရှိနေကာ ပြည်သူများမှာ နေအိမ်ခြံဝင်းအတွင်း၌ပင် မိမိတို့ပစ္စည်းဥစ္စာများ လုံခြုံမှုမရှိသကဲ့သို့ ခံစားနေရကြောင်း ဗိုလ်ခန့်ကဆိုသည်။

ယင်းအခြေအနေများကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးအန္တရာယ် တားဆီးကာ ကွယ်ရေးပညာပေးမှုများပြုလုပ်ပေးလျက်ရှိပြီး အချို့နေရာများတွင် ဆေးဖြတ်သည့်စခန်းများ၌လာ ရောက်ကုသမှုခံယူသူများလည်း ရှိနေကြောင်း သိရသည်။

“နိုင်ငံရေးကမကောင်းတော့ စီးပွားရေးနဲ့အလုပ်တွေရှားပါလာတော့ လူတွေကြပ်တည်းလာပြီး အလွယ် ဝယ်လို့ရတဲ့ မူးယစ်ဆေးဘက်ကို လမ်းမှားရောက်ကုန်ကြတာ”ဟု ဗိုလ်ခန့်က မူးယစ်ဆေးသုံးစွဲသူ များ ပြားလာမှုအပေါ် သုံးသပ်ပြောဆိုသည်။

ယင်းအပြင် မသမာသူလူတစုမှ စစ်ကောင်စီတပ်ဖွဲ့ကိုငွေပေးပြီး ရောင်းဝယ်ဖောက်ကားနေသဖြင့် ယခု ကဲ့သို့ ရောင်းဝယ်သုံးစွဲသူ များပြားနေခြင်းဖြစ်‌သည်ဟု ၎င်းက ဆက်ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးမှုများရှိခဲ့ကာ ပြစ်ဒဏ်နှင့် သတိပေး မှုများပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#တမူးမြို့

#မူးယစ်ဆေးဝါး

#ဖမ်းဆီးမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly