မြန်မာနိုင်ငံလို ဖုန်းသုံးစွဲသူများတဲ့ အာဖရိကဒေသမှာ အင်တာနက်မပါဘဲ Bitcoin ငွေကြေးစနစ်ကို ဘယ်လိုအသုံးပြုနေကြသလဲ

By Bitcoin Myanmar Initiative
28 May 2023
မြန်မာနိုင်ငံလို ဖုန်းသုံးစွဲသူများတဲ့ အာဖရိကဒေသမှာ အင်တာနက်မပါဘဲ Bitcoin ငွေကြေးစနစ်ကို ဘယ်လိုအသုံးပြုနေကြသလဲ

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

 

၂၁ရာစုမှာ Mobile Banking ကဲ့သို့သော ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုတွေသုံးနိုင်ဖို့ အင်တာနက်ဟာ မဖြစ်မနေလိုအပ်ပါတယ်။ Bitcoin တို့လို Blockchain နည်းပညာကိုအခြေခံတည်ဆောက်ထားတဲ့ ငွေကြေးစနစ်ကို အင်တာနက်မပါဘဲ အသုံးပြုဖို့ ဖြစ်နိုင်တယ်ဆိုတာ အာဖရိကမှာ အကောင်အထည်ဖော်ဖြစ်ခဲ့ပါပြီ။ 

 

အာဖရိကဒေသတစ်ခုလုံး အနေနဲ့ ယှဉ်ရင် တချို့သော အာဖရိကနိုင်ငံတွေက မြန်မာနိုင်ငံထက် အင်တာနက်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပါတယ်။ ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူပေါင်း ၂၅ သန်းကျော် ရှိပြီး University of Washington မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ် အဆိုအရ မြန်မာနိုင်ငံမှာ Smartphone သုံးစွဲမှုဟာ 114% ကျော်တယ်လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က ဖုန်းပိုင်ဆိုင်သူ တော်တော်များများဟာ Smartphone တစ်ခုထက် ပိုပြီး ပိုင်ဆိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။

 

မြန်မာနိုင်ငံထက် ဖွံ့ဖြိုးမှု ပိုနောက်ကျတဲ့ အာဖရိကဒေသကို ကြည့်လိုက်မယ်ဆိုရင် 2020 ခုနှစ် ကမ္ဘာ့ဘဏ် ခန့်မှန်းချက်အရ အာဖရိကတိုက်ရဲ့ အင်တာနက်အသုံးပြုမှုဟာ  29% သာရှိပေမယ့် GSMA (Groupe Speciale Mobile Association) ရဲ့ 2018အခြေအလက်အရ Smartphone အသုံးပြုသူ 74%အထိရှိတာကြောင့် အင်တာနက်မရတဲ့ Bitcoinအသုံးပြုတွေအတွက် 

အင်တာနက်မပါဘဲ Bitcoinအသုံးပြုနိုင်အောင် နည်းလမ်းတစ်ခုရှာဖို့ လူငယ်နည်းပညာရှင်တွေက အကြံရခဲ့တာပါ။ 

 

Software developer တစ်ဦးဖြစ်တဲ့ Kgothatso Ngako နဲ့ တခြားလူငယ်နည်းပညာရှင်တွေပူးပေါင်းပြီး ၂၀၂၂ခုနှစ် အစောပိုင်းကမှ ဖန်တီးထားတဲ့ “Machankura”ဆိုတဲ့ အင်တာနက်မပါဘဲ Bitcoin အသုံးပြုလို့ရတဲ့ Platform ဟာ အာဖရိကနိုင်ငံတွေမှာရှိတဲ့ Bitcoin အသုံးပြုသူတွေကြားအတော်လေး ရေပန်းစားလာပါတယ်။ “Machankura” ဆိုတာက အာဖရိကနိုင်ငံရဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့ ဆွာဟီလီ ဘာသာစကား အရ "ငွေ" လို့ အဓိပ္ပာယ်ရပါတယ်။ 

 

သူတို့ဆောင်ပုဒ်ဖြစ်တဲ့ “Use Bitcoin on any phone”အတိုင်း keypad ဖုန်းနဲ့လည်း တစ်ယောက်နဲ့တစ်ယောက်ဆီ ဖုန်းနံပါတ်ရှိရုံနဲ့ Bitcoin ကို လွှဲပြောင်းတာ၊လက်ခံတာလုပ်လို့ရပါတယ်။ 

ဒီကနေ့အထိ “Machankura” Platform ကို နိုင်ဂျီးရီးယား၊ ကင်ညာ၊ ဂါနာ၊ ယူဂန်ဒါနှင့် နမီးဘီးယားတို့အပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံကျော်မှာ အသုံးပြုသူပေါင်း ၂၉၀၀ ခန့်ရှိနေပြီလို့ ဒီ Platform ကိုဦးဆောင်ဖန်တီးခဲ့တဲ့ Kgothatso Ngako ကဆိုပါတယ်။

 

 “Machankura” Platform ရဲ့ရိုးရှင်းတဲ့အလုပ်လုပ်ပုံကိုရှင်းပြရရင် ကျွန်တော်တို့ Mobile Phoneတွေမှာ လက်ကျန်ငွေစစ်သလိုမျိုးသက်ဆိုင်ရာ code တစ်ခုကိုထည့်လိုက်မယ်ဆိုရင် menu bar တစ်ခုပေါ်လာမှာဖြစ်ပါတယ်။ 

 

အဲံဒီ menu bar ပေါ်မှာ (send bitcoin) (Receive Bitcoin) (transaction history)ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ ဒါပြီးရင် Bitcoinပို့မလား၊ Bitcoin လက်ခံတာလုပ်မလား၊ လုပ်ခဲ့ပြီးသား Bitcoin အ၀င်အထွက် စာရင်းကြည့်မလား ကိုယ့်နှစ်သက်ရာဆက်လုပ်နိုင်ပါပြီ။  Bitcoinကို အလွှာပေါင်းစုံက လူတန်းစားအားလုံးကို Bitcoin ကိုအလွယ်တကူအသုံးပြုနိုင်အောင် ဖန်တီးစီစဥ်ပေးထားလည်းဖြစ်ပါတယ်။ Platform ကိုဦးဆောင်ဖန်တီးခဲ့တဲ့ Kgothatso Ngako ကလည်း နောက်လာမယ့် ၅နှစ်အတွင်း အာဖရိက (၅၄)နိုင်ငံစလုံးအသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်နေတယ်လို့ ဆိုပါတယ်။ 

 

ယနေ့ခေတ် မြန်မာနိုင်ငံမှာ လူသုံးများနေတဲ့ ကုန်စုံဆိုင်တွေမှာ ငွေသွင်း/ငွေထုတ် လုပ်နိုင်ပြီး ဖုန်းပေါ်မှ တဆင့် ငွေပေးချေနိုင်တဲ့ စနစ်ဟာ အာဖရိကတိုက် ကင်ညာနိုင်ငံမှ စတင်ခဲ့တဲ့ M-PESA အမည်ရ ဖုန်းပေါ်မှ ငွေလွှဲစနစ် ဝန်ဆောင်မှု ပုံစံကို လေ့လာပြီး စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလို အနေအထားရှိတဲ့ အာဖရိကတိုက်မှာ တိုးတက်ပြောင်းလဲလာတဲ့ Bitcoin လို နည်းပညာဟာလည်း  စစ်တပ် အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ မြန်မာနိုင်ငံမှာ ဥပဒေအရ အတားအဆီးတွေ ရှိကောင်းရှိနိုင်ပေမယ့် သိပ်မကြာတော့တဲ့ နှစ်များမှာလည်း ပြန့်နှံ့ရောက်ရှိကောင်း ရောက်ရှိလာနိုင်ပါတယ်။ 

 

ကိုးကား

၁. How Africans Are Using Bitcoin Without Internet Access (forbes.com)

၂. Machankura’s Bitcoin Wallet Targets Africans With Old-School Phones and No Internet (coindesk.com)

၃.  “Machankura” Official Website

၄. Using smartphone technology to build an inclusive and more equitable society in Myanmar (University of Washington) 

၅. DIGITAL 2022: MYANMAR (datareportal)

 

(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly