အယ်လ်နီညိုကြောင့် မလေးရှားစားအုန်းဆီထုတ်လုပ်မှု ခန့်မှန်းထားသည်ထက် ပိုမိုလျော့ကျမည်

အယ်လ်နီညိုကြောင့် မလေးရှားစားအုန်းဆီထုတ်လုပ်မှု ခန့်မှန်းထားသည်ထက် ပိုမိုလျော့ကျမည်

ကွာလာလမ်ပူ၊ မတ် ၂၈ ။              ။ ကမ္ဘာ့ဒုတိယအကြီးမားဆုံး စားအုန်းဆီ ထုတ်လုပ်သည့် မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုကို ထိန်းချုပ်မည့် အယ်လ်နီညို၏ သက်ရောက်မှုက ကြာရှည်မည်ဖြစ်၍ မလေးရှား၏ ဆီအုန်းထုတ်လုပ်မှုမှာ ယခင်ကခန့်မှန်းထားသည့်ထက် ပို၍လျော့ကျလာမည်ဟု Godrej International Ltd မှ ဒိုရတ်မစ္စထရီက ပြောသည်။

ထုတ်လုပ်မှုမှာ ယခုနှစ် စက်တင်ဘာလ အထိ တန်ချိန် ၂ သန်းလျော့ကျမည်ဖြစ်သည်ဟု မစ္စထရီက ပြောသည်။ ယခုလအစောပိုင်းက တန်ချိန် ၁ဒသမ၅သန်းသာ လျော့မည်ဟု ခန့်မှန်းခဲ့သည်။

မလေးရှား၏ ဆီအုန်းထုတ်လုပ်မှုမှာ ယခုပြက္ခဒိန်နှစ်တွင် တန်ချိန် ၁၉ သန်းအောက်သာရှိမည်ဖြစ်ပြီး ထိပ်တန်းစိုက်ပျိုးသည့် အင်ဒိုနီးရှားက တန်ချိန် ၃၂သန်းထုတ်လုပ်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဆယ်စုနှစ် နှစ်နှစ်အတွင်း အယ်လ်နီညို အပြင်းထန်ဆုံးဖြစ်ပေါ်မှုကြောင့် အင်ဒိုနီးရှားနှင့် မလေးရှားတွင် အသီးသီးခြင်းကို ဟန့်တားမှုများဖြစ်စေခဲ့ရာ ဘီစကစ်မှ နုတ်ခမ်းဆိုးဆေးနှင့် ဇီဝလောင်စာအထိ အမျိုးမျိုးအသုံးပြုသော စားအုန်းဆီသည် ယခုလအထိ နှစ်နှစ်ဆက်တိုက် တစ်ရှိန်ထိုး ဈေးမြင့်မားလာသည်။

နှစ်နိုင်ငံပေါင်း၏ ထုတ်လုပ်မှုက ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု၏ ၈၆ ရာခိုင်နှုန်းအထိရှိသည်။ စားအုန်းဆီတစ်တန်လျင် ရင်းဂစ် ၃,၀၀၀(အမေရိကန်ဒေါ်လာ ၇၄၄)အထိ ခုန်တက်မည်ဟု မစ္စထရီက ခန့်မှန်းသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly