ဒေါင်း ပါဝင်သည့်  ထိုင်း TV ဇာတ်လမ်းတွဲ ဆု ၂ ဆု ရရှိ

By မောင်ခက်နွေ (မဇ္ဈိမ)
26 May 2023
ဒေါင်း ပါဝင်သည့်  ထိုင်း TV ဇာတ်လမ်းတွဲ ဆု ၂ ဆု ရရှိ

ယမန်နေ့ မေလ ၂၅ ရက်နေ့ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့်   Nine Entertainment Awards 2023 ဆုပေးပွဲတွင် သရုပ်ဆောင်ဒေါင်း ပါဝင်သရုပ်ဆောင်ထားသည့် "ကျောက်ဖရားမှ ဧရာဝတီသို့” ရုပ်သံဇာတ်လမ်းတွဲက  ဆုနှစ်ဆုကို ရရှိခဲ့သည်။

Nine Entertainment Awards 2023 ဆုပေးပွဲတွင် ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းတွဲက Creative Team of the Year နှင့် Drama of the Year ဆုနှစ်ဆု ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဒေါင်းသည် ထိုဇာတ်လမ်း၌ မြဝတီမင်းကြီးဦးစ နေရာတွင် သရုပ်ဆောင်ခဲ့ပြီး ထိုင်းသရုပ်ဆောင်များနှင့် အတူရိုက်ကူးထားခြင်းဖြစ်သည်။ 

လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်မည့် ရွှေရုပ်မြင်သံကြားဆုအတွက်လည်း ကျောက်ဖရားမှ ဧရာဝတီသို့ ရုပ်သံဇာတ်လမ်းတွဲဖြင့် ဇာတ်ပို့ဆု ဆန်ခါတင်ဝင်ရောက်နေကြောင်း သိရသည်။ 

သရုပ်ဆောင် ဒေါင်းသည် ဇာတ်ကားကို ရိုက်ကူးနေစဉ် စစ်တပ်က ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းခဲ့ခြင်းကြောင့်  သရုပ်ဆောင် "ဒေါင်း”အပါအဝင် အလှမယ် နှင်းသွေးယုအောင်တို့က အာဏာသိမ်းခြင်းကို ဆန့်ကျင်ခဲ့ကြပြီး  သူတို့နှစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားသည်။

စာတည်း -သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly