ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းတကျောင်းနဲ့ လူနေအိမ်တွေ အပါအဝင် ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
မေလ ၂၃ရက်နေ့ ည ၁၁နာရီခွဲအချိန်က ကော့ကရိတ်မြို့နယ်အတွင်းရှိ ခလယ်လောကျယ်(ခ)ပနွယ်ဖိုးကလိုးကျေးရွာကို လေကြောင်းဖြင့် ဗုံး ၂လုံး ကျဲခဲ့တယ်လို့ KNU က ထုတ်ပြန်လာတာဖြစ်ပါတယ်။
KNLA တပ်ရင်း ၂၀၁နယ်မြေရှိ ယင်းကျေးရွာအား စစ်ကောင်စီတပ်ရဲ့ နေပြည်တော်လေတပ်က ဂျက်ဖိုက်တာများဖြင့် ဗုံး ၂လုံးကျဲချခဲ့ရာ ကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁ကျောင်း ထိမှန်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဗုံးထိမှန်ခဲ့တဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ပြန်လည်ပြုပြင်လို့မရသည်အထိ ပျက်စီးသွားခဲ့တယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။