အောင်မင်္ဂလာအဝေးပြေးဝန်းတွင် ဆိုင်ကယ်များသာမက ဘက်ထရီစက်ဘီးများကိုလည်းဖမ်းဆီးနေ

By 002 (မဇ္စျိမ)
24 May 2023
အောင်မင်္ဂလာအဝေးပြေးဝန်းတွင် ဆိုင်ကယ်များသာမက ဘက်ထရီစက်ဘီးများကိုလည်းဖမ်းဆီးနေ

 ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းဆုံနှင့် အောင်မင်္ဂလာအဝေးပြေးကားဝန်းအတွင်းဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်နှင့် ဘက်ထရီစက်ဘီးများကို လုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီ တပ်သားနှင့် ရဲများကဖမ်းဆီးပြီးဆိုင်ကယ်အသစ်များကိုသိမ်းယူကာ အဟောင်းများကိုငွေတောင်းပြီး ပြန်ပေးနေကြောင်း သိရသည်။

ထို့ပြင် အောင်မင်္ဂလာအဝေးပြေးကားဝန်း လုံခြုံရေးဂိတ်ရှေ့မှစီးနင်းသွားသည့် ဘက်ထရီစက်ဘီးစီးနင်း သူတဦးကိုနေပူထဲတွင်ဒူးထောက်ထိုင်ခိုင်ပြီး နားရင်းအုပ်ကာ စက်ဘီးကိုသိမ်းယူသွားသည်ဟုလည်း မျက်မြင်တွေ့ခဲ့သူများကပြောသည်။

“တစ်နေ့ကပဲ ကောင်လေးတစ်ယောက် ဝန်းထဲမှာဘက်ထရီစက်ဘီးစီးလာတာသူတို့ရဲကင်းရှေ့ကဖြတ် တော့ တားပြီး နေပူထဲမှာ ဒူးထောက်ထိုင်ခိုင်းတယ်။ နားပန်ကျင်းနေတာလည်း တွေ့ရတယ်။ ကောင်လေး က စက်ဘီးထားခဲ့ရပြီး ပြန်ထွက်လာခဲ့ရတာ၊၊ တခြားသူတွေကိုလည်း ဖမ်းတယ်။ ဆိုင်ကယ်တွေတင်မက ဘူး ဘက်ထရီဘီးတွေအားလုံးကိုဖမ်းတာ။ ဒါက ဆိုင်ကယ်မဟုတ်ပါဘူး ဘက်ထရီဘီးပါပြောလည်း မရ ဘူး။ မင်းစက်ဘီးက ခြေနင်းမပါတဲ့အတွက်ဘက်ထရီစက်ဘီးမဟုတ်ဘူး၊ ဒါဆိုင်ကယ်ပဲဆိုပြီး ဖမ်းသွား တာ ၃၀,၀၀၀ ပေးပြီး မနည်းပြန်ရွေးယူလာရတယ်” ဟုအောင်မင်္ဂလာအဝေးပြေးဝန်းအတွင်းမှ ဈေးသည် တစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း တရားမ၀င် ဘေးတွဲဆိုင်ကယ်များမောင်းနှင်သူများ၏ကိုယ်ရေးအချက် အလက်များအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက စာရင်းကောက်ယူနေကြောင်းသိရပြီး လက်တလောတွင် ဆိုင်ကယ်ကယ်ရီသမားများမှာ သက်ဆိုင်ရာတာဝန်ကျလုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီတပ်နှင့် ရဲများကို တစ်လလျှင် လစဉ်ကြေး ၅,၀၀၀ ပေးနေရကြောင်း သိရသည်။
 
 
စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required