ပရီးမီးယားလိဂ်ကလပ်များက စိတ်ဝင်စားနေကြသည်ဟု အီဘရာဟီမိုဗစ်ပြော

ပရီးမီးယားလိဂ်ကလပ်များက စိတ်ဝင်စားနေကြသည်ဟု အီဘရာဟီမိုဗစ်ပြော

မတ် ၂၈၊ ပဲရစ် ။                ။ ပီအက်စ်ဂျီအသင်း၏ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ၎င်းကို ပရီးမီးယားလိဂ်ကလပ်များက စိတ်ဝင်စားနေကြသည်ဟု ပြောသည်။

လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်မည့် အသက် ၃၄ နှစ်အရွယ်ကစားသမားကို မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးနှင့် အာဆင် နယ်အသင်းတို့က ချိတ်ဆက်နေကြသည်။

"စိတ်ဝင်စားနေတာတွေကတော့ ရှိနေပြီး ဘယ်သူဦးဆောင်သွားမလဲကြည့်ရမယ်။ ဒါပေမဲ့ မင်္ဂလာဆောင်သလိုပါပဲ။ နှစ်ဦးနှစ်ဘက် ဆန္ဒ ပြင်းပြဦးမှ ဖြစ်မှာ"ဟု အီဘရာဟီမိုဗစ်က ပြောသည်။

အီဘရာဟီမိုဗစ်သည် မတူညီသည့် ဥရောပနိုင်ငံ လေးနိုင်ငံနှင့် ပြည်တွင်းအမှတ်ပေးဖလား ရရှိထားသူဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်များ အစပိုင်း တွင် အေဂျက်အသင်းနှင့်အတူ နယ်သာလန် အမှတ်ပေး ဖလားနှစ်လုံးရပြီးနောက် ဂျူဗင်တပ်အသင်းနှင့် အီတလီစီးရီးအေဖလား နှစ်လုံး (ယင်း ဖလားများမှာ စီးရီးအေလုပ်ပွဲအရှုပ်တော်ပုံကြောင့် ပြန်ရုတ်သိမ်းခံခဲ့ရ)၊ အင်တာမီလန်နှင့် စီးရီးအေဖလားသုံးလုံး ရရှိခဲ့သည်။

ယင်းနောက် စပိန်သို့ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၀-၁၁ အေစီမီလန်နှင့် စီးရီးအေဖလားရယူပြီး ရှစ်ကြိမ်ဆက် အမှတ်ပေးဖလားရယူသည့် မှတ်တမ်း မရေးထိုးမီ ဘာစီလိုနာနှင့် လာလီဂါဖလားရခဲ့သည်။
၂၀၁၁-၁၂ တွင် အေစီမီလန်နှင့်အတူ ဆုဖလားမရသည့်ရာသီကို ဖြတ်သန်းပြီး နောက်တစ်နှစ်တွင် ပြင်သစ်ကလပ်ပီအက်စ်ဂျီသို့ ပြောင်းခဲ့ပြီး လေးနှစ်ဆက် ပြင်သစ်လိဂ်-၁ ဖလားရရှိခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly