မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်း ကြောင်းသဝဏ်လွှာ ဗြိတိန်ဘုရင်ထုတ်ပြန်

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်း ကြောင်းသဝဏ်လွှာ ဗြိတိန်ဘုရင်ထုတ်ပြန်

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်း ကြောင်းသဝဏ်လွှာ ဗြိတိန်ဘုရင်ချားလ်စ်က ထုတ်ပြန်သည်။

" အခုလိုအကူအညီများစွာလိုအပ်နေတဲ့အချိန်မှာ ကြောက်မက် ဖွယ် ကောင်းတဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသူတွေ အားလုံးအတွက် ကျွန်တော်တို့ သတိရဆုတောင်းပေးနေပါတယ်။ အခုလို အဖြစ်ဆိုးမှာ မိမိတို့ရဲ့ ချစ်ရသူများ ဆုံးရှုံးခဲ့ရတဲ့ အတွက်လည်း နက်ရှိုင်းစွာဝမ်းနည်းကြေကွဲရပါတယ်" ဟု ဗြိတိန်ဘုရင် ချားလ်စ်က ပြောကြားကြောင်း ဗြိတိန်သံရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို  ပေးအပ်သွားမည်ဖြစ် ကြောင်း၊ ရန်ပုံငွေအသစ်အဖြစ် အမေရိကန်ဒေါ်လာ ၂သန်းခွဲကို အကူအညီ အများဆုံး လိုအပ်နေသူများအတွက် ရေသန့်နှင့် အမိုးအကာများ ထောက်ပံ့ပေးမည်ဖြစ်ပြီး နောက်ဆက်တွဲရောဂါအန္တရာယ်များ  လျော့ပါးစေရန် ကူညီပေးမည်ဖြစ် ကြောင်း ဗြိတိန်သံရုံးက ဆိုသည်။

အဆိုပါ ရန်ပုံငွေကို မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ မြေပြင်မှ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံသို့ တိုက်ရိုက် ပေးအပ်မည်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများ လိုအပ်နေသည့် အသက်ကယ်ထောက်ပံ့မှုကို အမြန်ဆုံးလုပ်ဆောင်မည်ဖြစ် ကြောင်း သံရုံးက ထုတ်ပြန်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly