အင်္ဂလန်အသင်း အနိုင်ဖြင့် ထိုက်တန်သည်ဟု ဂျာမနီနည်းပြ ဂျိုအာချင်လို ချီးကျူး

အင်္ဂလန်အသင်း အနိုင်ဖြင့် ထိုက်တန်သည်ဟု ဂျာမနီနည်းပြ ဂျိုအာချင်လို ချီးကျူး

မတ် ၂၇၊ ဘာလင်။       ။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ အိုလံပစ်အားကစားကွင်းကြီးတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမနီနှင့် အင်္ဂလန်တို့၏ ပွဲစဉ်တွင် အင်္ဂလန်အသင်းက ၂-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထိုပွဲစဉ်တွင် ဂျာမနီအတွက် ဦးဆောင်ဂိုးများကို တိုနီခရုစ်နှင့် မာရီယိုဂိုမက်ဇ်တို့က ပထမပိုင်းတွင် သွင်းယူပေးခဲ့ကြပြီး ဒုတိယပိုင်းတွင် အင်္ဂလန်အသင်းမှ ဟယ်ရီကိန်းနှင့် ဗာဒီတို့က ပြန်လည်ချေပခဲ့ကာ အနိုင်ဂိုးကို ပွဲချိန် မိနစ် ၉၀ တွင် ဒီယာက ထောင့်ကန်ဘောမှ ခေါင်းတိုက်သွင်းယူပေးခဲ့သည်။

ထိုပွဲအပြီးတွင် ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်း၏နည်းပြ ဂျိုအာချင်လိုက အင်္ဂလန်အသင်းသည် အနိုင်ဖြင့် ထိုက်တန်ကြောင်း ချီးကျူးခဲ့သည်။

'ကျွန်တော်တို့ နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် လိုချင်တဲ့ပုံစံအတိုင်း ပွဲကို မထိန်းထားနိုင်ခဲ့ပါဘူး။ အသင်းတည်ဆောက်ပုံမှာ ပြဿနာရှိနေပြီး ဖန်တီးမှုလည်း အများကြီး မလုပ်နိုင်ခဲ့ပါဘူး။ အင်္ဂလန်အသင်းရဲ့ ကြိုးစားမှုက အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်' ဟု ဂျိုအာချင်လိုက ပြောသည်။

ထို့အပြင် ဂျိုအာချင်လိုက ဂျေမီဗာဒီ၏ဂိုးမှာ တားဆီးရန်ခက်ခဲကြောင်း ဝန်ခံခဲ့ပြီး ဗာဒီမှာ အမှန်တကယ်ကောင်းမွန်သည့် တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly