ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မြောက်ဦးမြို့နယ်ရှိ တိန်ညိုစစ်ရှောင်စခန်း ၉၀ ရာခိုင်နှုန်းကျော် ပျက်စီး 

By ရောင်နီ (မဇ္စျိမ)
15 May 2023
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မြောက်ဦးမြို့နယ်ရှိ တိန်ညိုစစ်ရှောင်စခန်း ၉၀ ရာခိုင်နှုန်းကျော် ပျက်စီး 

အလွန့်အလွန်အားကောင်းသည့် ဆိုမိုခါကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နယ်ရှိ တိန်ညိုစစ်ရှောင်စခန်း ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးင်ကလုန်းမုန်တိုင်းသွားခဲ့ကြောင်း သဘာ၀ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေးကော်မတီ (မြောက်ဦး)ထံမှ သိရသည်။

တိန်ညိုစစ်ရှောင်စခန်းသည် ရန်ကုန်-စစ်တွေလမ်းမကြီးဘေး၊ မြောက်ဦးမြို့၏ မြောက်ဘက်တွင်တည်ရှိ သည့် စစ်ရှောင်စခန်းတစ်ခု ဖြစ်သည်။

“တိန်ညိုစစ်ရှောင်စခန်းက ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားတယ်။ အထိအခိုက်ရှိတယ်လို့တော့ မသိရ သေးဘူး။ ကျွန်တော်လည်း စစ်တွေဘက်ဆင်းရင်းတွေ့တာ။ ရခိုင်မှာတော့ တခြားစစ်ရှောင်စခန်းတွေ လည်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားတာ အများကြီးရှိတယ်။ ဒီဟာလောက်ပဲ အစောဆုံး ပြောနိုင် သေးတယ်” ဟု သဘာ၀ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးကော်မတီ (မြောက်ဦး)မှ ကိုခိုင်မင်းသျှင်က မဇ္စျိမကို ပြောသည်။ 

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် တိန်ညိုစစ်ဘေးရှောင်စခန်းအတွင်း တည်ဆောက်ထား သည့်နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး စခန်းအတွင်း ရေ၀င်ရောက်မှုများလည်းရှိခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်(AA)ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်မှ စတင် ကာ တိန်ညိုစစ်ရှောင်စခန်းတွင် ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံ ၃,၀၀၀ ကျော်လာရောက် စစ်ဘေး ရှောင်ကာ နေထိုင်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required