စစ်တွေမြို့ပေါ်သို့ မုန်တိုင်းဒီရေတက်နေပြီး နေအိမ်အများစု ခေါင်မိုးလန်ပျက်စီး 

By KMN (မဇ္ဈိမ)
14 May 2023
စစ်တွေမြို့ပေါ်သို့ မုန်တိုင်းဒီရေတက်နေပြီး နေအိမ်အများစု ခေါင်မိုးလန်ပျက်စီး 

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ ဗဟိုချက်သည်  ရခိုင်ပြည်နယ်  စစ်တွေ မြို့အနီးမှ စတင်ဖြတ်ကျော်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ ဗဟိုချက်ဖြတ်သန်းနေမှုကြောင့် ယနေ့ မေလ ၁၄ ရက် ညနေ ၃ နာရီဝန်းကျင်ခန့် မှစပြီး စစ်တွေမြို့ပေါ်ကို မုန်တိုင်းဒီရေတက်လာနေကြောင်း ဒေသခံများကပြောကြားသည်။

၎င်းအပြင် မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှစပြီး “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့မှ နေအိမ် အများစုမှာ ခေါင်မိုးလန်ပျက်စီးကာ ဓာတ်တိုင်များလဲကျပြီး သစ်ပင်အများစု ကျိုးကျနေကြောင်း မြို့ခံများက ပြော ကြားသည်။

အပြည့်အစုံကို မဇ္ဈိမ ရုပ်သံသတင်းထောက် KMN က တင်ဆက်ထားပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly