အာဏာသိမ်းစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်ဖို့ အီးယူအဖွဲ့ဝင်တွေတောင်းဆို

အာဏာသိမ်းစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်ဖို့ အီးယူအဖွဲ့ဝင်တွေတောင်းဆို

မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ်အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာတွေ ထပ်တိုးချမှတ်ဖို့ ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင် နိုင်ငံတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။

မြန်မာနဲ့အတူ အယ်လ်ဂျီးယားနဲ့ ဘဲလာရုစ်နိုင်ငံ တို့ရဲ့လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို  ဥရောပပါလီမန်အတွင်း မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ထဲမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ ဆက်စပ်စီးပွားရေးလုပ်ငန်းတွေကို ထပ်တိုးဒဏ်ခတ်ဖို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဥရောပပါလီမန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၄၅၄ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေ ၃၉ မဲနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required