မြန်မာအကျပ်အတည်းဖြေရှင်းရာမှာ ဒေသတွင်းနိုင်ငံတွေ စုပေါင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

မြန်မာအကျပ်အတည်းဖြေရှင်းရာမှာ ဒေသတွင်းနိုင်ငံတွေ စုပေါင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုလျော့ပါးဖို့၊  ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီအုပ်ချုပ်တဲ့ အရပ်သားအစိုးရ ပြန်ဖြစ်လာဖို့အတွက် ဒေသတွင်းနိုင်ငံတွေက ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ Noeleen Heyzer က ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankarနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာတို့ မေလ ၉ ရက်နဲ့ ၁၀ရက်နေ့တွေက နယူးဒေလီမှာ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွင်း ဖြစ်ပွါးနေမှုတွေဟာ အိန္ဒိယနိုင်ငံကိုပါ ရိုက်ခတ်မှုရှိနေကြောင်း ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required