“The Voice” သီချင်းဆိုပြိုင်ပွဲ အပတ်စဉ် ၁၁ ဒိုင်အဖြစ် ဆောင်ရွက်သွားမယ့် မိုင်လေဆိုင်းရက်စ်

“The Voice” သီချင်းဆိုပြိုင်ပွဲ အပတ်စဉ် ၁၁ ဒိုင်အဖြစ် ဆောင်ရွက်သွားမယ့် မိုင်လေဆိုင်းရက်စ်

နယူးယော့ခ်၊ မတ် ၂၆ ။          ။ နာမည်ကျော်အဆိုတော် မိုင်လေဆိုင်းရက်စ်နှင့် အလက်ဆီ အာကီးစ်တို့သည် “The Voice” သီချင်းဆိုပြိုင်ပွဲ အပတ်စဉ် ၁၁ တွင် ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သွားမည် NBC သတင်းဌာနက မတ် ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မိုင်လေဆိုင်းရက်စ်နှင့် အလက်ဆီအာကီးစ်တို့သည် “The Voice” သီချင်းဆိုပြိုင်ပွဲ အပတ်စဉ် ၁၁ တွင် အဒမ်လာဗင်းနှင့် ဘလိတ်ခ်ရှဲတန်တို့နှင့်အတူ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။ “The Voice” သီချင်းဆိုပြိုင်ပွဲ အပတ်စဉ် ၁၀ တွင် အဒမ်လာဗင်း၊ ဘလိတ်ခ်ရှဲတန်၊ ဖာရဲလ် ဝီလီယမ်နှင့် ခရစ္စတီနား အာဂူလာရာတို့ ဒိုင်အဖြစ် ပါဝင်ခဲ့သည်။

“We Can’t Stop” တေးသီချင်းအဆိုတော် မိုင်လေသည် NBC သတင်းဌာနက တရားဝင် ထုတ်ပြန်မှုမတိုင်မီ သီချင်းဆိုပြိုင်ပွဲနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။” ကျွန်မ  The Voice သီချင်းဆို ပြိုင်ပွဲမှာ ဒိုင်လူကြီး လုပ်သွားမယ်ဆိုတဲ့ သတင်းဟာ အမှန်ပါပဲ” ဟု ဆိုင်းရက်စ်က တွစ်တာစာ မျက်နှာတွင် မတ်၂၅ ရက်က ရေးသားခဲ့သည်။

ယခင်က “The Voice” သီချင်းဆိုပြိုင်ပွဲတွင် တေလာဆွဇ်၊ ရီဟားနားနှင့် ခရစ်မာတင်တို့ ဒိုင်လူကြီးများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဆိုင်းရက်စ်သည် လက်ရှိအချိန်တွင် နယူးယော့ခ်မြို့၌ ဒါရိုက်တာ ဝူဒီအဲလန်၏ “Amazon” ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်လျက် ရှိသည်။

“The Voice” သီချင်းဆိုပြိုင်ပွဲ အပတ်စဉ် ၁၁ ကို စက်တင်ဘာလတွင် စတင် ရိုက်ကူးသွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly