လုံခြံုရေးကြောင့် ဘရပ်ဆဲလ် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့တဲ့ မာရစ်ကာရေး

လုံခြံုရေးကြောင့် ဘရပ်ဆဲလ် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့တဲ့ မာရစ်ကာရေး

ဘရပ်ဆဲလ်၊ မတ် ၂၆ ။           ။ အမေရိကန် ပေါ့အဆိုတော် မာရစ်ကာရေးက ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအပေါ် စိုးရိမ်မှုများ ရှိခြင်းကြောင့်  ဘရပ်ဆဲလ်တွင် ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဘရပ်ဆဲလ်မှာရှိတဲ့ ပရိတ်သတ်တွေကို ကျွန်မ ချစ်ပါတယ်။ အခုချိန်မှာတော့ ပရိတ်သတ် တွေ၊ တီးဝိုင်းအဖွဲ့သားတွေ၊ ဝန်ထမ်းတွေနဲ့ လူတိုင်း လုံခြုံရေးအတွက် ဖျော်ဖြေပွဲကို ပယ်ဖျက်ဖို့ ကျွန်မ အကြံပြုချင်ပါတယ်” ဟု မာရစ်ကာရေးက တွစ်တာတွင် ပြောကြားထားသည်။

ကာရေးသည် မတ် ၂၇ ရက်တွင် ဘရပ်ဆဲလ်မြို့အနီးရှိ Forest National အားကစားကွင်း၌ ဖျော်ဖြေပွဲကျင်းပရန် စီစဉ်ထားသည်။ ကာရေးသည် မကြာသေးမီက ဗြိတိန်နိုင်ငံတွင် ၎င်း၏ ဥရောပ ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်ကို စတင်ခဲ့သည်။

ဘဲလ်ဂျီယံအစိုးရသည် ဘရပ်ဆဲလ်လေဆိပ်နှင့် မြေအောက်မီးရထား ဘူတာရုံတွင် အကြမ်း ဖက် တိုက်ခိုက်မှုများ လုပ်ဆောင်သည့် သံသယရှိသူများကို လိုက်လံရှာဖွေနေဆဲ ဖြစ်သည်။ ဘရပ်ဆဲ လ်မြို့တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲ တိုက်မှုနှစ်ခုအတွင်း  ပြည်သူ ၃၁ ဦး သေဆုံးခဲ့သည်။

IS အဖွဲ့သည် လူ ၃၀၀ ထိ ခိုက်ဒဏ်ရာရရှိခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာရေးသည် “One Sweet Day” ၊  “Hero”  ၊ “Someday” နှင့်  “Emotions” ကဲ့သို့သော ကျော်ကြားသော တေးသီချင်းများဖြင့် ၁၉၉၀ ပြည့်လွန်နှစ်က ရောင်းအားအကောင်းဆုံး အဆိုတော် တစ်ဦးဖြစ်ခဲ့သည်။ ကာရေးသည် မကြာမီ ထုတ်လွှင့်ပြသမည့် လက်တွေ့ဘဝ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွင်  အသုံးပြုရန်အတွက် ၎င်း၏ နောက်ဆုံး ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ရိုက်ကူးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly