တောသားဖိုးစီနှင့် စပ်မိစပ်ရာ (၁)

တောသားဖိုးစီနှင့် စပ်မိစပ်ရာ (၁)
ဓာတ်ပံ-သူရ မဇ္စျိမ

မကြာခင် ရက်ပိုင်းအတွင်း အစိုးရသစ်တွေတက် အစိုးရဟောင်းတွေဆင်း အာဏာလွှဲပြောင်းပွဲတွေ ကျင်းပတော့ မယ်ဆိုတော့ ဖိုးစီတို့ ပါးစပ်ထဲ ပြောစရာ တစ်ကွက် နှစ်ကွက်က   ရောက်လာပြန်ပါရောလား။  ပြောမယ် သာ ပြောရတာ တကယ်တော့ ဖိုးစီဆိုတာက ဘာမှမဟုတ်ဘူး။ တောသားမြို့ရောက် လူထဲက လူ တစ်  ယောက် ဆိုတော့ ပြောရမှာလဲ ခပ်ကြောက်ကြောက်ရယ်။ ဒါပေမယ့် တောသားဆိုတာကလည်း ခက်သား။ မြင်မြင်သမျှ စပ်ချင်စုချင်၊ ဖောက်သည်ချချင် မိတာက ခက်သားလားပေါ့လေ။

ထားပါတော့။ အကြောင်းက ဒီလို..အစိုးရသစ်က မကြာခင်တက်လာတော့မှာဆိုတော့ လက်ရှိ အာဏာရနေတဲ့ ဦးသိန်းစိန် အစိုးရ ဒါမှ မ ဟုတ် ဖိုးစီတို့နေထိုင်တဲ့ တိုင်းဒေသကြီးအစိုးရ၊ အဲဒီ အစိုးရတစ်ရပ်ရပ်ကို သူ တို့ လုပ်ခဲ့ကိုင်ခဲ့၊ စီမံခန့်ခွဲခဲ့တာ တွေနဲ့ ပတ်သက်ပြီးနည်းနည်းပါးပါး မြည်တွန်တောက်တီးပြီး ရွာကအမျိုး တွေ ကို ဖောက်သည်ချချင်မိတာဗျ။ ဒါပေမယ့် ဖိုးစီဆို တာ က ခပ်ညံ့ညံ့တော်သား တစ်ယောက်ဆိုတော့ ပြည်ထောင်စုအစိုးရအကြောင်း သွားမပြောရဲဘူးဗျ။ တကယ်လို့ ပြောတာဆိုတာများ မှားသွားရင် နိုင်ငံတော် အ ကြည်ညို ပျက်စေမှုလား၊ ဘာလား..တစ်ခုခုနဲ့ ညားမှာ ကြောက်ရတယ်မဟုတ်လား။ အသွားမတော် တစ်လှမ်း၊ အစားမတော်တစ်လုပ်။ အပြောမတော်တော့ တစ်ခွန်းမဟုတ်လား။ ဒီတော့ကိုယ်နေတဲ့ တိုင်းဒေသကြီး အကြောင်းလောက်ပဲ   တောကအမျိုးတွေကို ဖောက်သယ်ချတော့မယ်လို့ ဆုံးဖြတ်ချလိုက် ရတယ်လေ။

ခက်တာက ကျုပ်တို့ ပြည်သူတွေက နလပိန်းတုံးတွေ မဟုတ်လား။ အစိုးရ ဘာလုပ်လုပ် ငုတ်တုတ်ထိုင် လက် ပိုက်ကြည့်နေတတ်ကြတာလေ။ ကျုပ် တို့က နုံကြ အကြတယ်မဟုတ်လား။ ဒီတော့ အစိုးရ ဘာလုပ်လုပ် အ ကောင်းမြင်တပ်ကြတယ်လေ။ အ ကောင်းမြင်ဆိုလည်း မပြောနဲ့လေ။ ဒီအစိုးရက သူ့သက်တမ်းတစ်လျောက် လုံး အကောင်းတကာ့ အကောင်း ဆုံးတွေပဲ လုပ်ခဲ့တာမဟုတ်လား။ ပြည်သူလူထု ဘ၀ သာယာလှပဖို့ သူတို့ တွေ လုပ်ဆောင်သွားကြတာက သိပ်အားရစရာကောင်းတယ် မဟုတ်လား။

ခုလည်းကြည့်လေ။ ဖိုးစီတို့ ရန်ကုန်တိုင်းလွှတ်တော် ဒုတိယ သက်တမ်း စစချင်းဆိုသလိုပဲ တိုင်းဒေသကြီး အ စိုးရအဖွဲ့က လွှတ်တော်မှာ ဥပဒေကြမ်း ၂ခု တင်သွင်းခဲ့တယ်လေ။ ၂၀၁၆ - ၂၀၁၇ တိုင်းဒေသကြီး ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းနဲ့  ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပဲဆိုပါတော့။ အဲဒီမှာ ဘဏ္ဍာရေး ဝန် ကြီးက ၂၀၁၆ - ၂၀၁၇ ခုနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်းတဲ့အခါမှာ ရန်ကုန်တိုင်း ဒေသ ကြီး အစိုးရအဖွဲ့အနေနဲ့ ရငွေ ၃၃၆၂၁၈.၅၇ ရှိပြီး သုံးငွေ ကိုလည်း ၃၃၆၂၁၈.၅၇ အဖြစ် အပိုအလိုမရှိ ရေး ဆွဲထားတယ်လို့ ပြောလိုက်ပါတယ်။

သိတယ်မဟုတ်လား။ ဖိုးစီက တောသားဆိုတော့ တော်တော်လေးကို အံ့သြသွားတာ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဒီလောက်တော်ပါလားလို့ အထင်ကြီးလေးစားစိတ်တွေလည်း တဖွားဖွားပေါ်လာတော့တာပေါ့။ ရငွေနဲ့ သုံးငွေ အပိုမလိုမရှိ သုံးစွဲနိုင်ဖို့ဆိုတာ တော်တော့ စကေးနဲ့တော့ မရဘူးပေါ့။ ရိုးသားရတာပေါ့လေ။ မသကာဆို လို ငွေလေး အနည်းအကျဉ်းလောက်တော့ ပြရမှာပေါ့။ တချို့တချို့က အဲဒီလိုပဲ လိုငွေပြပြပြီး မမသွားကြ တယ်မ ဟုတ်လား။ အဲဒီမှာ ဖိုးစီ ရန်ကုန်တိုင်းအစိုးရကို ပိုပြီးအထင်ကြီးသွားမိတာပါပဲ။ ဒီအစိုးရကတော့ လိုငွေပြပြီးမ မဘူးပေါ့လေ။

ကဲ .. ထားပါလေ။ အဲဒီဥပဒေကြမ်း ၂ခုလည်း လွှတ်တော်မှာ တင်ကော အသစ်စက်စက် လွှတ်တော်အမတ် တွေနဲ့ လွှတ်တော် ကြီးကလည်း  တစ်ခါတည်းကို  လွှတ်တော်ရေးရာကော်မတီ ၂ရပ် ဖွဲ့စည်းတော့တာပါပဲ။ ဥပဒေကြမ်းကော်မတီ နဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မတီဆိုပြီးတော့ အဖွဲ့ဝင် (၁၁)ဦးစီနဲ့ ဖွဲ့စည်း ပါတော့တယ်။ လွှတ်တော်ဥက္ကဋ္ဌ အသစ်ကြီးက ခပ်ပြတ်ပြတ်ပဲ ပြောတယ်။ ဒီကော်မတီ ၂ခု ဖွဲ့စည်းရတာက ရန်ကုန်တိုင်းအစိုးရအဖွဲ့က အထက်က ဥပဒေကြမ်းနှစ်ခု တင်သွင်းခဲ့လို့ ဖြစ်ပါတယ်ပေါ့။ အဲဒီထဲကမှ ဒေါ်စန္ဒာ မင်း ဦးဆောင်တဲ့ ဘဏ္ဍာရေး၊စီမံကိန်းနဲ့ စီးပွားရေး ကော်မတီဟာ  အစိုးရအဖွဲ့က တင်သွင်းလာတဲ့ ဥပဒေ ကြမ်း နှစ်ခုနဲ့ ပတ်သက်ပြီး လေ့လာစုံးစမ်းမှုတွေ ပြုလုပ်။ သုံးသပ်အကြံပြုချက်တွေနဲ့ လေ့လာတွေ့ရှိ ချက်တွေကို ပြီးခဲ့တဲ့ ၂၂ရက်နေ့က လွှတ်တော်ကို တင်သွင်းခဲ့ ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပိုငွေ လိုငွေမရှိရေးဆွဲထားတယ်ဆိုတဲ့၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်နဲ့ ပတ် သက်ပြီး တိုင်းဒေသကြီးအဆင် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအဆင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့၊ စည်ပင်သာယာရေးကော်မတီ နဲ့ စိစစ်ခဲ့ကြတယ်လို့ ကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းက အစီရင်ခံစာ တင်သွင်းတဲ့ မတ်လ ၂၂ရက်နေ့က လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒီလို စိစစ်ရာမှာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရငွေတွေအနေနဲ့ အခွန်အကောက်မှ ရငွေ ကျပ် (၃၄၁၂၀.၈၅၃)သန်း၊ အခြားသာမန်ရငွေ ကျပ်(၁၈၁၂၀၈.၆၂၈)သန်း၊ ငွေလုံးငွေရင်းမှ ရငွေ (၇၈၃၅၃.၀၈၉) သန်း၊ ကြွေးမြီ ရငွေ (၄၂၅၃၆.၀၀၀)သန်း ဖြစ်လို့ စုစုပေါင်း (၃၃၆၂၁၈.၅၇၀)သန်း ရရှိမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့စုစုပေါင်း ရငွေကျပ် ၃၃၆၂၁၈ သန်းကျော်ကျာ်မှာ အခွန်အကောက်က ရရှိငွေက ကျပ်(၃၄၁၂၁)သန်းနီးပါး ဖြစ်တဲ့အတွက် အစိုးရအဖွဲ့ စုစုပေါင်းရငွေရဲ့ ၁၀ရာခိုင်နှုန်းသာ ဖြစ်ပါတယ်။ရန်ကုန် မြိုကတော် စည်ပင်သာယာရေး အဖွဲ့တွေက ကောက်ခံရရှိတဲ့ ပစ္စည်းခွန်နဲ့ ဘီးခွန် နှစ်ရပ်ပေါင်း (၂၄)ဘီလီ ယံကျော် ဖြစ်တဲ့အတွက် စုစုပေါင်း အခွန်အကောက်ရငွေရဲ့ (၇၄)ရာခိုင်နှုန်း ဖြစ်ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီဌာန ၊ ငါးလုပ်ငန်း၊ သစ်တော စတဲ့ ဌာနတွေက ယစ်မျိုးအပါအဝင် မြေယာခွန် ၊တာတမံခွန်၊ ဓာတ်သတ္ထု ခွန်စုစုပေါင်း ကျပ်(၈၁၈၆)သန်း ရရှိတဲ့အတွက် စုစုပေါင်း အခွန် အကောက်ရငွေရဲ့ (၂၄)ရာခိုင်နှုန်း ခန့်ရရှိ ကြောင်း တွေ့ရှိရပါတယ်။

သာမန်ရငွေအနေနဲ့ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သာမန်ရငွေ စုစုပေါင်း (၁၈၁၂၀၈.၆၂၈) သန်း ထဲမှာ စည်ပင်သာယာရေးအဖွဲ့တွေရဲ့ သာမန်ရငွေက (၈၇၉၁၅.၅၁၆)သန်းရှိပြီးတော့ အဲဒီထဲမှာမှ တံဆိပ် ခေါင်းရောင်းရငွေ (၂၆၇၄၁.၂၄၃)သန်း၊မှတ်ပုံတင်ကြေး၊ရေဖိုး၊ ဈေးဝင်ငွေတွေရဲ့ စုစုပေါင်း ရငွေက (၂၂၇၃၄) သန်း၊ မြေနဲ့ ဆိုင်ငှားရမ်းခတို့ဟာ (၁၉၇၅၃.၂၅၇)သန်း ဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သာမန်ရငွေ စုစုပေါင်းကတော့ (၄၉၆၅၀.၄၀၀)သန်း ဖြစ်ပြီး စုစုပေါင်း သာမန်ရငွေရဲ့ (၂၇)ရာခိုင်နှုန်း ဖြစ်ပါ တယ်။ အဲဒီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သာမန်ရငွေထဲမှာ ကုန်သွယ်လုပ်ငန်းခွန်က (၃၇၉၇၆.၃၂၇) သန်း၊ စုပေါင်း ရုံး များ ငှားရမ်းခက (၅၅၅၁.၂)သန်း၊ပြည်ထောင်စုမှ ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ငွေ( ၄၅၀၀.၀၀) သန်း နဲ့ မြေနဲ့ အဆောက်အဦးငှားရမ်းခ (၆၈၆.၃၀)သန်း ဖြစ်ပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော် မတီ က ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်မှာ ငွေလုံးငွေရင်းရငွေ ကျပ် (၇၈၃၅၃.၀၈၉)သန်း ဖြစ်ပါတယ်။

ဒါကတော့ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် အရအသုံး ဆိုင်ရာ ဥပဒေကြမ်းပါ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ရငွေတွေ ဖြစ်ပါတယ်။ အသုံးစာရိတ်တွေနဲ့ ပတ်သက်လို့ကတော့ ရန်ကုန်တိုင်းရဲ့ စုစုပေါင်းအသုံးစာရိတ်ဟာ (၃၃၆၂၁ ၈.၅၇)သန်းမှာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က သုံးစွဲငွေ (၆၃၄၀)သန်းနဲ့ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီကက သုံးစွဲငွေ ကျပ်သန်းပေါင်း (၂၂၀၄၀၉.၅၆၆) ဖြစ်တဲ့အတွက် စုစုပေါင်း အသုံးစာ ရိတ်ရဲ့ ၆၇.၄၄ ရာခိုင်နှုန်း ဖြစ်သည့်အတွက် အများဆုံးသုံးတဲ့ ဌာနတစ်ခုအဖြစ်တွေ့ရကြောင်း နဲ့ ရန် ကုန်တိုင်း အစိုးရအဖွဲ့ဟာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အများဆုံး သုံးစွဲထားတာကို တွေ့ရတယ်လို့ ဒေါ်စန္ဒာမင်းက လွှတ်တော်မှာ ပြောပါတယ်။

အဲဒီလို အသုံးစာရိတ် အများဆုံးတောင်းထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ကော်မတီရဲ့ စုစုပေါင်းသုံးငွေ (၂၂၇၇၂၁)သန်း ထဲက မြို့တော် စည်ပင်သာယာရဲ့ ငွေလုံးငွေရင်း အသုံးစာ ရိတ်အဖြစ် (၁၂၇၉၁၈) သန်း သုံးစွဲသွားမှာ ဖြစ်ပြီးတော့ အဲဒီအထဲက ၅၀ရာခိုင်နှုန်းကို ရေပေးဝေရေး အတွက် သုံးစွဲမှာ ဖြစ်ပြီးတော့ ၄၈ရာခိုင်နှုန်းကိုတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖြစ်တဲ့ လမ်းခင်းခြင်း တံတား ဆောက်ခြင်း ၊ရုံးများ၊ဈေးများ၊ ဝန်ထမ်း အိမ်ယာများ ယဉ်ရပ်နားကွင်းများ၊ အမှိုက်ကန်များ၊ သုသာန်များ ဆောက်လုပ်ခြင်းမှာ အသုံးပြုမယ့်အပြင် အခြားသုံးစွဲမှုအဖြစ် မြေယာလျော်ကြေးအဖြစ် တစ်ဧက ၂၅သိန်းနှုန်း နဲ့ ၇၇၇ဧကအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကတော့ ငွေလုံး ငွေရင်းအသုံးစာရိတ် သုံးစွဲမှုမှာ စုစုပေါင်း ကျပ်သန်း ပေါင်း (၄၄၇၈၂)သန်းရှိပြီး အထူးစီမံကိန်းလုပ်ငန်းများ ဖြစ်တဲ့ ခုံးကျော် တံတား(၂)စင်း တည်ဆောက်ဖို့ ကျပ်သန်း ပေါင်း (၃၂၂၀၀)သန်း ဖြစ်လို့ စုစုပေါင်းအသုံးစာရိတ်ရဲ့ (၇၅)ရာခိုင်နှုန်း ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။ ကျန် တောင်းခံမှုတွေအနေနဲ့ကတော့ မီးဘေးနဲ့ သဘာ၀ ဘေးအန္တရာယ်ကာကွယ်ရေးအတွက်က ၅ရာခိုင်နှုန်း၊ ဝန်ထမ်းအိမ်ရာများတည်ဆောက်ဖို့က ၃ရာခိုင်နှုန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့က ၂ရာခိုင်နှုန်းနဲ့ ရုံးသုံးစက်ကိရိယာတွေ ဝယ်ယူဖို့က ဝ.၀၄ ရာခိုင်နှုန်းတောင်းခံထား ပါတယ်။

လမ်းဦးစီးဌာနကတော့ ငွေလုံးငေါရင်းအသုံးစာရိတ်အဖြစ် တောင်ပိုင်းခရိုင် (၄၀၀၉)သန်း၊ မြောက်ပိုင်း ခရိုင် (၁၃၁၆၅)သန်း စုစုပေါင်းအသုံးစာရိတ်ဟာ  (၁၇၁၇၄) ကျပ်သန်းတောင်းခံထားတာ ဖြစ်ပြီးတော့ အများ ဆုံး တောင်းခံထားတဲ့ လမ်းအပိုင်းကတော့ ထန်းတပင် - လမုတန်း - ကျူတော လမ်းအတွက် ကွန်ကရစ်ခင်းခြင်း၊ ကွန်ကရစ်တံတား(၉)စင်း တည်ဆောက်ခြင်းတို့အတွက် (၈၇၂၇)သန်း တောင်းခံထားခြင်း ဖြစ်ပါတယ်။

ဒီလိုတောင်းခံမှုတွေနဲ့ ပတ်သက်ပြီးတော့ ပြန်လည် စိစစ်သုံးသပ်ကြဖို့နဲ့ ပြည်သူ့ဘဏ္ဍာတွေ အလဟသ လုပ်မ ပစ်ကြဖို့ဆိုပြီးတော့ ဖိုးစီတို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ်တွေထဲက အမတ်တွေက ဒီဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအပါအဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလိုဆွေးနွေးရာမှာ ဂုံးကျော်တ့တား (၂)စင်းတည်ဆောက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြန်လည် သုံး သပ် သင့် တယ်ဆိုတဲ့အကြောင်း၊ လမ်းတံတားတည်ဆောက်ခြင်း လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အသေအခြာ စိစစ် သင့်တယ်ဆိုတဲ့အကြောင်း၊ ရုံးဌာန သုံး ပစ္စည်တွေး ဝယ်ချမ်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ပြန်စဉ်စားကြဖို့ ဆို တာတွေ ထောက်ပြဆွေးနွေးလိုက်ကြတာများဆိုတာ ဖိုးစီတစ်ယောက်တော့ နေရာမှာတင် ချုံးပွဲချ ငိုပွင်ဝင် ချင်စိတ်ပါ ပေါက်သွားတယ်။

တကယ်တော့ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဂျိုက်ကာက အ ကြံပြုထား သည့် ရန်ကုန် မြို့ပြစီမံ ကိန်းများနဲ့  မြို့သစ်ချဲ့ထွင်ရေး စီမံကိန်းတွေမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ က ယခု ဘဏ္ဍာနှစ်ထဲမှာ တည်ဆောက်မယ်ဆိုတဲ့  ပါရမီလမ်းဆုံနှင့်  မြောက်ဥက္ကလာပ လမ်းဆုံ ဂုံးကျော် တံ တား တည်ဆောက်ဖို့ အကြံပြုထားခြင်းမရှိပဲ  အဲဒီ ရန်ကုန် မြို့ပြစီမံ ကိန်းများနဲ့  မြို့သစ်ချဲ့ ထွင် ရေး စီမံ ကိန်း တွေမှာ  ပါဝင်တဲ့ ၂ ထပ်လမ်းတွေ တည်ဆောက်သည့်အခါကျရင်  လက်ရှိ ဂုံးကျော်တံတားတွေ ကို ဖျက်သိမ်း ပစ်ရမှာ ဖြစ်တဲ့အတွက် ပြည်သူ့ ဘဏ္ဍာတွေ အလဟသ ဆုံးရှုံး နစ်နာသွားမည် ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ် ဦးရန်ရှင်းက လွှတ် တော်သို့ တင်ပြဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယဉ်ကြောပိတ်ဆို့မှုတွေကို လျော့ ချ နိုင်ဖို့ အတွက် အဓိက လမ်းဆုံ လမ်းွတွေမှာ ဂုံးကျော်တံတားတွေ တည်ဆောက်ခဲ့တာပါပဲ။ ဒါပေမယ့် ခက်တာ က ဖိုးစီတို့  ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တည်ဆောက်ခဲ့တဲ့ ဂုံးကျော်တံတားတစ်စင်းကို ကျပ်သန်း ၁၀၀ နီးပါး အလွဲသုံးစားလုပ်ခဲ့တာကို တွေ့ရှိရကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဌ ဒေါ်စန္ဒာမင်းက မြန်မာနိုင်ငံ စရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာကို ကိုးကားပြီး RFA မှာ ပြောသွားတာ ကြားရတော့ ဖိုးစီဖြင့် ကြက်သီးဖျန်းဖျန်းထ သွားရတယ်လေ။ သြော် .. ပြည်သူ့ ဘဏ္ဍာ ပြည်သူ့ ဘဏ္ဍာ ၊ တ ကယ်တော့ အဲဒီငွေတွေက ပြည်သူ့ဘဏ္ဍာတွေလေ။

ဒီလိုပဲ ၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဂုံးကျော်တံတားနှစ်စင်းဟာ စံချိန်စံညွှန်း မမှီဘဲ အရည်အသွေးလျှော့ဆောက်ထားခြင်း၊ ပစ္စည်းများ၏ ဈေးနှုန်းမှာ ဒေသအတွင်းဈေးနှုန်းများ ထက် များနေခြင်း၊ တွက်ချက်မှု မှားယွင်းခြင်း၊ လိုအပ်သည်ထက် ပစ္စည်းများပိုဝယ်ထားခြင်းတို့ကို စိစစ်တွေ့ရှိ ရ တယ်လို့လည်း ဆိုပြန်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးသန်းနိုင်ဦးက တော့  " ဒီလိုမျိုး ဘဏ္ဍာငွေတွေကို သုံးစွဲတဲ့အခါမှ ကျွန်တော်တို့က တကယ် လိုအပ်ချက် ရှိတာတွေကို သုံးစွဲစေချင် ပါ တယ်။ အမြောက်အများ သုံးစွဲပြီးတော့ သိပ်လည်းမလိုအပ်တဲ့ဟာတွေကို ကျွန် တော်တို့က မသုံးစွဲ စေချင်ပါ ဘူး။ နောက်ပိုင်းဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ ပြည်သူလူထုကို ချပြတဲ့ ဘတ် ဂျက်တွေကလည်း ပြည်သူလူထု ပါဝင်တဲ့ ဘတ်ဂျက်တွေ၊ စီမံကိန်းတွေကလည်း ပြည်သူလူထုပါဝင်တဲ့ စီမံ ကိန်းတွေ ဒါမျိုးတွေ ဖြစ်အောင် တဖြေးဖြေးနဲ့ တက်လာတဲ့အစိုးရနဲ့ ညှိနှိုင်းပြီးတော့မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကလည်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ ဖိုးစီတို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီလိုပဲ ဘဏာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မတီက ဥပဒေကြမ်း ၂ ရပ်နဲ့ပတ်သက်လို့ သုံးသပ်ချက် အစီရင် ခံစာ တင်သွင်းတဲ့တလျောက်လုံး ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ စီမံကိန်းတွေ ဖြစ်တဲ့ လမ်းတံတား တည်ဆောက် ရန် ကိစ္စရပ်တွေမှာလည်း ဟိုလမ်းကတော့ ပြန်လည်ပြုပြင်ရန် မလိုသေးဘူး၊ ဟိုလမ်းကတော့ ပြန် လည်ပြု ပြင်ဖို့ လိုအပ်နေပေမယ့် အစိုးရအဖွဲ့က တင်ထားတဲ့အသုံးစာရိတ်တွေက အဆမတန်များပြား နေတယ်ဆိုတာ တွေ၊ တစ်ချို့လမ်းတွေကတော့ ဘတ်ဂျက်ကို အခု ဘဏ္ဍာနှစ်မှ တင်ထားပေမယ့် တကယ့်မြေပြင်မှာက အဲဒီ လမ်းက ပြုပြင်ပြီးနေပြီဆိုတာတွေနဲ့အတူ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ တစ်ချို့ လုပ်ငန်းတွေ စီမံကိန်းတွေအတွက် ဘဏ္ဍာငွေတောင်းခံခဲ့ပေမယ့် အခုလက်ရှိအချိန်ထိ အဲဒီလုပ်ငန်းတွေ လုပ်ဆောင်ထားတာ မတွေ့ရှိရတဲ့ အ ကြောင်းတွေ ပါရှိနေပါတယ်။

အထူးအားဖြင့် ကော်မတီက မှတ်ချက်ပေးဆွေးနွေးခဲ့တာကတော့ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် ငေါလုံးငွေရင်း အသုံးစာရိတ်မှာ စာရင်းစစ်ချုပ်ရုံးအတွက် အသုံးပြုရန်(Saloon)(1)စီး ( Hiace)(၁)စီးဝယ်ယူရန် ကျပ်(၄၁) သန်း၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးများတွင် သုံးစွဲရန် ရုံးသုံးယဉ်(Saloon)ကား(၄)စီး (Mini Bus)(၁)စီး ဝယ်ယူရန် ကျန်(၁၅၀)သန်း၊အထူးစုံးစမ်းစစ်ဆေးရေးဌာနအတွက် ရုံးသုံးယဉ် (Saloon) (၂)စီးဝယ်ယူရန် ကျပ်သန်းပေါင်း(၃၀) ၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် လုပ်ငန်းသုံးယဉ် Roller(1)ten(၁)စီး ဝယ်ယူရန် ကျပ်(၂၆)သန်း၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန အတွက် ရုံးသုံးယဉ် ( Hiace)(၁)စီး ဝယ်ယူရန် ကျပ် (၂၄)သန်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအတွက် သုံးစွဲရန် ရုံးသုံးယဉ်(Saloon)(၁)စီး (Corolla Ban) (၁)စီး (Mini Bus)(၁)စီး(Light truk)(၁)စီး ဝယ်ယူရန် ကျပ်(၆၄)သန်း၊ရန်ကုန်မြို့တော် စီပင်သာ ယာရေး ကော်မတီအတွက် ရုံးသုံးယဉ်(Suzuki)(၁)စီး၊ (Hijet)(၂)စီး၊(Station Wagon) (၂)စီးဝယ်ယူရန် ကျပ် (၈၉.၅၀) သန်း တင်ပြတောင်းခံထားခြင်းနှင့် ပတ်သက်၍ အထူးပြန်လည် စစ်ဆေးသင့်ကြောင်း ထောက်ပြ ခဲ့ကြပါတယ်။

ဒီလိုပဲ အထက်မှာ ပြောခဲ့တဲ့ ကုဘမ္ဘာအေးဘုရားလမ်းနဲ့ ပါရမီလမ်းဆုံ ဂုံးကျော်တံတားတည်ဆောက်ရန် ကိစ္စ နဲ့ မြောက်ဥက္ကလာပ လမ်းဆုံမှာ ဂုံးကျော်တံတားတည်ဆောက်ရန် ကိစ္စတွေအတွက် ဘတ်ဂျက်ငွေ လျာထား ချက်တွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ် ပြင်ပမှာရှိတဲ့ ကျေးလက်နဲ့ မြို့နယ် ဆက်သွယ် ရေး လမ်းတွေတည်ဆောက်ရေးအတွက် ခွဲဝေချထားပေးသင့်တယ်လို့ အကြံပြုတာတွေ တွေ့ရပါတယ်။ ဒီလိုပဲ အကြံပြုတာတွေကတော့ ပြောမနေနဲ့ ဖိုးစီသာဆို အစအဆုံးအသစ်ပြန်ရေးဆွဲခိုင်းပစ်လိုက်မှာ။ ဒါပေမယ့် ဒီ လိုလုပ်လို့မရဘူးလေ။ ဒါဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေအပေးထားတဲ့ စေတနာ ကိုး။ ဖိုးစီတို့ အသိအမှတ်ပြုရမှာပေါ့။

စေတနာ ဘယ်လောက်ထားသလဲဆိုတာကို ယခင် ရန်ကုန်တိုင်း နယ်လုံဝန်ကြီးလည်း ဖြစ် ယခု ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ (ဗိုလ်မှူးကြီး) ဦးတင် ဝင်းကတော့ " ဒီဘက်မှာ အတည်ပြုလိုက်ရင် နောက်လာမယ့်အစိုးရက အဆင်သင့် သုံးလို့ရအောင်လို့ အ သေအခြာ စီမံပေးခဲ့တဲ့အတိုင်းအတာပါပဲ။ အားနည်းချက်ကတော့ နေရာတိုင်းမှာတော့ သူ့ဟာနဲ့သူ အားနည်း ချက် အားသာချက်ဆိုတာရှိမှာပဲ။ ဒါပေမယ့် အားလုံးကတော့ စေတနာထားပြီး လုပ်ခဲ့တာချည်းပဲ။ လိုအပ်ချက် ရှိတဲ့ဟာ အားလုံးကို လိုက်လံ ကြည့်ရှုပြီးတော့မှ ဆောင်ရွက်ခဲ့တာချည်းပါပဲ" လို့ ပြောခဲ့ပါသေးတယ်။

ကော်မတီကလည်း သိတယ်မဟုတ်လား။ အနိုင်ရအမျိုးသားဒီမိုကရေစီ အချုပ်ချုပ်က လွှတ်တော် ကိုယ်စား လှယ်တွေ အများဆုံးပါနေတာဆိုတော့ ထောက်ချက် ထောက်ချက်ဆိုတာတွေလေ။ ပြောမနေပါနဲ့တော။ တ ကယ့်ကို ပြောမဆုံးပေါင် တောသုံးထောင်ပဲ။

ရန်ကုန်မြို့တော်အတွင်းမှာ နိုင်ငံပိုင်မြေ ငှားရမ်းကာ ပုဂ္ဂိက ပိုင်အဆောက်အဦးများ၊ စီးပွားရေး လုပ်ငန်းများ၊ မြောက်များစွာ ပြုလုပ်ထားပေမယ့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ကော်ခံရရှိတဲ့ မြေငှားရမ်းခနဲ့ အဆောက်အဦး ငှားရမ်းခတွေ အနည်းဆုံးဖြစ်နေတဲ့အတွက် လာမယ့် ဘဏ္ဍာနှစ်တွေမှာ နိုင်င့ပိုင်မြေနဲ့ အဆောက်အဦးငှား ရမ်းခတွေ တိုးမြှင့်ကော်ခံဖို့၊ ရန်ကုန်မြို့တွင်း မြေဈေးတွေ တစ်နှစ်ထက် တစ်နှစ် တိုးမြင့်လာပေမ.ယ့် မြို့တော် စည်ပင်သာယာ ကော်မတီရဲ့ နိုင်ငံပိုင်မြေ ရောင်းချငွေနဲ့ တိုက် ခန်းရောင်းရငွေတွေ နည်းပါးလွန်း နေတဲ့အ တွက် မည်သည့်ဈေးနှုန်းတွေနဲ့ တွက်ချက်ရောင်းချ နေသည်ကို ပြန်လည် စိစစ်သင့်ကြောင်းနှင့် စည်ပင်သာ ယာရဲ့ ငွေလုံးငွေရင်း အသုံးစာရိတ်ရဲ့ ထက်ဝက်ကျော်ဟာ ရေပေးဝေရေးအတွက် ဖြစ်တဲ့အတွက် လာမယ့် နှစ်တွေအတွင်းမှာ ရန်ကုန်တိုင်းအတွင်း ရေမပြတ်လပ်အောင် စနစ်တကျရေပေးဝေရေးလုပ်ငန်းတွေ လုပ် ဆောင်နိုင်ဖို့ ရေပိုက်တွေကို အသစ်လဲလှယ်တိုးချဲ့ပြင်ဆင်သင့်ကြောင်း အကြံပြုထားတာတွေ့ရှိရပါတယ်။

ဒီနေရာမှာ ဖိုးစီ သာဆိုရင် ရေမရှိတဲ့ချောင်း နှာခေါင်းတောင်ဖော် မသေ ဝံ့ဘူး။ နှာခေါင်းပါ လိုက် အပြစ် ရှာ နေမှဖြင့် ဟုတ်ပါ့ ဖြစ်နေဦးမှာဆိုတော့ ဆုံးဆုံးမြုပ်ပြီးတော့သာ သေလိုက် ချင်တယ်။ ခုတော့ဗျာ .... ပြည် သူလူထု အပေါ်စေတနာတွေထားပြီး အပိုအလိုမရှိ ရေးဆွဲထားတဲ့ ဘတ်ဂျက် ကိုများ ထောက်ပြ သွားလိုက် တာ ရစရာကိုမရှိဘူးဗျာ။ ဟိုက နောက်အစိုးရအတွက် စေတနာထားပြီး ရေးဆွဲခဲ့တာကိုတောင် တွေ့တတ် မြင်တတ်လိုက်ကြတာများဗျာ။ ပြောကို မပြောလိုက်ချင်ဘူး….။

ပြောမယ့်သာပြောရတာ တောကဖိုးစီတို့က မွေးကတည်းက ခပ်ကြောက် ကြောက် ဆိုတော့ သူများ အ ကြောင်းလည်း သိပ်မပြောရဲဘူး။ သပ်လည်းမစပ်စုရဲ ဘူးလေ။ အတင်းလည်း မတုတ်ရဲ ဘူး မ ဟုတ်လား။ ဒါကြောင့် ပြောစရာတွေများပေမယ့် ဒီလောက်နဲ့ပဲ နားလိုက်တော့မယ်နော်။ အစမှာ ပြောခဲ့သလိုပဲ အသွား မတော်တစ်လှမ်း၊ အစားမတော် တစ်လုပ်၊ အပြောမတော်တော့ တစ်ခွန်း ဖြစ်မှာ ကြောက်ကြရတယ် မ ဟုတ်လား။ တောသားဖိုးစီတို့ ဒီလောက်နဲ့ ပဲ နားလိုက်ဦးမယ် ရွာက အမျိုးတို့ရေ……အားလုံးပဲ စေတာအကျိုး များများ ခိုးနိုင်ကြပါစေဗျာ။ အဲမှားလို့ မှားလို့ ..များများနိုးကြားနိုင်ကြပါစေဗျာ………။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly