NUG ရဲ့စစ်ရေးအခြေအနေဘယ်အထိရောက်နေပြီလဲ

NUG ရဲ့စစ်ရေးအခြေအနေဘယ်အထိရောက်နေပြီလဲ

အာဏာရှင်စနစ်တော်လှန်ရေးကာလ ၂ နှစ်ကျော်လာချိန်မှာ စစ်မဟာဗျူဟာအရ ခံစစ်နဲ့ စတင်ခဲ့ရတဲ့ ပြည်သူ့ ခုခံတော်လှန်စစ်ဟာ အခုအခါ တန်ပြန်ထိုးစစ်အကြိုကာလကို အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း ၂ နှစ်ပြည့် ပြည်သူသို့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း မေ ၂ ရက်မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်မိန့်ခွန်းမှာ တော်လှန်ရေးအရှိန်မြင့်လာပြီဖြစ်လို့ ပြည်သူ တွေအနေနဲ့ လုံခြုံရေးသတိနဲ့နေထိုင်ကြဖို့ ထည့်သွင်းပြောသွားခဲ့ပါတယ်။

၂ နှစ်ကျော်ကာလအတွင်း NUG အနေနဲ့ ခုခံတော်လှန်စစ်ကနေ တန်ပြန်ထိုးစစ်အကြိုကာလကို ပြောင်းလဲထားနိုင်ခဲ့ပြီဆိုတာတော့ သေချာပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ မြေပြင်စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်တွေ အလဲလဲအကွဲကွဲဖြစ်နေပြီး စစ်ကောင်စီအနေနဲ့ အခုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကို အားကိုးနေရတာက သက်သေပါပဲ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required