ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှု၌ ပါဝင်ဆောင်ရွက်ရန် အာဆီယံကို အင်ဒိုနီးရှား သမ္မတ တိုက်တွန်း

ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှု၌ ပါဝင်ဆောင်ရွက်ရန် အာဆီယံကို အင်ဒိုနီးရှား သမ္မတ တိုက်တွန်း
Photo-AFP

၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းပြောရာတွင် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ဒေသတွင်း ငြိမ်းချမ်းရေးအား ထိန်းသိမ်းရေး၌ ပါဝင်ဆောင်ရွက်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အား ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်သည်။

ဒေသတစ်လွှားမှ ခေါင်းဆောင်များ တက်ရောက်သည့် နှစ်နှစ်တစ်ခု ယခု ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံက အရှိန်မြင့်နေသည့် နိုင်ငံရေးပဋိပက္ခများက မင်းမူနေသည်။

ယခု ထိပ်သီးအစည်းအဝေး မတိုင်မီ ရက်ပိုင်းအလိုတွင် မြန်မာနိုင်ငံအနောက်ပိုင်း၌ အကူအညီများ ပေးပို့သည့် အာဆီယံ သံတမန်များနှင့် အကူအညီပေးရေး ဝန်ထမ်းများ လိုက်ပါလာသော ယာဉ်တန်းကို အမည်မသိ ရန်ပြုသူများက တိုက်ခိုက်မှု ဖြစ်ပွားထားသည်။

ထို တိုက်ခိုက်မှုကြောင့် မြန်မာစစ်ကောင်စီ၏ အကြမ်းဖက်မှု အဆုံးသတ်ရေးနှင့် လူသားချင်း စာနာထောက်ထားရေး အကူအညီများ လက်ခံရေး၌ ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်နေသော ခံပြင်းမှုများကို တိုးမြင့်စေသည်။

မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေသည် ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီး အတိုက်အခံများကို ဖြိုခွင်းချိန်မှစကာ ယိုယွင်းဆိုးဝါးလာလျက် ရှိသည်။

ရန်လိုမှု အားလုံး အဆုံးသတ်ရေးနှင့် သက်ဆိုင်ရာ အားလုံး တွေ့ဆုံဆွေးနွေးရေးတို့ ပါဝင်သည့် ၂၀၂၁ နှောင်းပိုင်းက သဘောတူခဲ့သော “ငြိမ်းချမ်းရေး သဘောတူညီချက် ငါးရပ်” ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီကို အာဆီယံက တိုက်တွန်းလျက် ရှိသည်။

တိုးတက်မှု မရှိမချင်း အဆင့်မြင့် အစည်းအဝေး တက်ရောက်ခြင်းမှ မြန်မာစစ်ဗိုလ်ချုပ်များကို တားမြစ်ထားသည်။

ငြိမ်းချမ်းရေး သဘောတူညီချက် ငါးရပ် အကောင်အထည် ဖော်ခြင်းနှင့် ပတ်သက်ကာ ယခု သီတင်းပတ်တွင် ဆွေးနွေးခဲ့ကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ချမ်းသာဝပြောရေးတို့ အာဆီယံက အဓိက အခန်းကဏ္ဍမှ ရှိနေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီကလည်း အင်္ဂါနေ့တွင် ပြောသည်။

၂၀၂၃ ၏ အာဆီယံ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်နိုင်ရန်အတွက် မြန်မာစစ်တပ်၊ အဝေးရောက် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် သိုသိုသိပ်သိပ် ချိတ်ဆက်ဆွေးနွေးမှုများ ရှိထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.straitstimes.com/asia/se-asia/indonesian-president-calls-on-...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required