မောင်းတောမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးကို နေအိမ်ယူလာရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်သေဆုံး

By KimMung (မဇ္ဈိမ)
06 May 2023
မောင်းတောမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးကို နေအိမ်ယူလာရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်သေဆုံး

ရခိုင်ပြည်‌နယ် ၊ မောင်းတောမြို့နယ်မြောက်ပိုင်း ဝက်ကျိမ်း ကျေးရွာမှာ မေလ ၃ရက်နေ့ ညနေ ပိုင်းက ဗုံးပေါက်ကွဲလို့  လေးနှစ်အရွယ်ကလေးငယ် သေဆုံးသွားတယ်လို့သိရပါတယ်။ 

အသက် လေးနှစ်အရွယ် မောင်ပိုင်ဝေဆိုသူဟာ သူငယ်ချင်းတွေနဲ့  ကစားပြီး အိမ်ပြန်လာချိန်မှာ  ပေါက်ကွဲစေနိုင်တဲ့ ဗုံးတစ်လုံးကို ယူလာပြီးနောက် နေအိမ် လှေကားအရောက်မှာ ပေါက်ကွဲသွားတာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ 

သတင်း၊တင်ဆက်= KimMung
တည်းဖြတ်= Thant Sin

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required