မဲခေါင်-လန်ချန် အစည်းအဝေးအပြီးတွင် မြန်မာအပါအဝင်နိုင်ငံ ၆ နိုင်ငံမှခေါင်းဆောင်များ ပူးတွဲကြေညာချက်ထုတ်

မဲခေါင်-လန်ချန် အစည်းအဝေးအပြီးတွင် မြန်မာအပါအဝင်နိုင်ငံ ၆ နိုင်ငံမှခေါင်းဆောင်များ ပူးတွဲကြေညာချက်ထုတ်

ဘေဂျင်း၊ မတ်၊ ၂၅ ။           ။ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် မဲခေါင်-လန်ချန် ပူးပေါင်းညှိနှိုင်းအစည်းအဝေးအပြီးတွင် အစည်းအဝေးတွင်ပါဝင်ခဲ့ သည့် တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ထိုင်း နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ခေါင်းဆောင်များသည် ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

မဲခေါင်မြစ်ရေကို မျှဝေအသုံးပြုနေရသည့် နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ကျင်းပသည့် လန်ချန် - မဲခေါင်အစည်းအဝေးကို မတ်လ၊ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးအပြီး ထုတ်ပြန်သောပူးတွဲကြေညာချက်ထဲတွင် နိုင်ငံ ၆ နိုင်ငံမှခေါင်းဆောင်များသည် လန်ချန်-မဲခေါင်ဒေသ အတွင်းတွင် ရေရှည်တည်တံ့သည့် လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်နိုင်ရန်ရည်ရွယ်ကြောင်း ဖော်ပြထား သည်။

ထို့ပြင် ယင်းအစည်းအဝေးမှတဆင့်မဲခေါင်ဒေသခွဲ နိုင်ငံ ၆ နိုင်ငံကြားတွင် တရားဥပဒေစိုးမိုးရေးပူးပေါင်းအဖွဲ့အစည်းများ တည်ထောင်ရန်၊ သဘာဝဘေးအန္တရာယ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုများနှင့် လုံခြုံရေးခြိမ်းခြောက်မှုများ နှင့်ပတ်သတ်၍ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် တို့ကိုလည်း သဘောတူညီခဲ့ကြသည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ လူသားခြင်းစာနာထောက်ထားမှု လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်လည်း နိုင်ငံ ၆ နိုင်ငံမှခေါင်းဆောင်များကြား ကတိပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly