တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကို စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြု 

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကို စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြု 

ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီတစ်ခုအဖြစ် တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ကို ခွင့်ပြုပေးလိုက်ပါတယ်။

မေလ ၂ ရက်နေ့က  ရှမ်းနီတိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့  တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီ  TNDP နဲ့   ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP)တို့ကို နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ခွင့်ကိုခွင့်ပြုပေးလိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်အတွင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)နဲ့ စစ်ကိုင်းတိုင်း ဘက်မှာ  ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ SSP တို့ ဝင်ရောက်အရွေးခံဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာဖြစ်တယ်လို့ မဇ္ဈိမအနေနဲ့ ကနဦးစုံစမ်းသိရှိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly