အာဏာသိမ်း စစ်ခေါင်းဆောင် ထင်သလိုမဖြစ်လာတဲ့ ဘန်ကီမွန်း ခရီးစဉ် (ဆောင်းပါး)

အာဏာသိမ်း စစ်ခေါင်းဆောင် ထင်သလိုမဖြစ်လာတဲ့ ဘန်ကီမွန်း ခရီးစဉ် (ဆောင်းပါး)

နေပြည်တော်ကို ရုတ်တရက်ရောက်လာပြီး မြန်မာ့အရေးဆွေးနွေးသွားတဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ခရီးစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကသတင်းတချို့တစ်ဝက်သာထုတ်ပြန်ခဲ့တာ ထူးခြားနေပါ တယ်။

မစ္စတာ ဘန်ကီမွန်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တို့ဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးတိုးတက်မှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီးအပြုသဘောဆောင်တဲ့ သဘောထားတွေနဲ့ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်ဆိုတဲ့သာမန်သတင်းဖော်ပြမှုကိုပဲ စစ်ကောင်စီသတင်းစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ကုလအတွင်းရေးမှူးချုပ်ဟောင်း နဲ့ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဘန်ကီမွန်းဟာအာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ဖိတ်ကြားချက် နဲ့ မြန်မာနိုင်ငံကိုရောက်လာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly