မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကော်မတီ ၃ခု ဖွဲ့စည်း

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကော်မတီ ၃ခု ဖွဲ့စည်း
ဓာတ်ပုံ-အောင်ကိုဦး
 

မန္တလေး၊ မတ် ၂၅ ။          ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို မတ် ၂၅ရက်၊ နံနက် ၁၀ နာရီက ကျင်းပခဲ့ပြီး ကော်မတီ ၃ ခုဖွဲ့စည်းခဲ့ကာ နံနက် ၁၁နာရီတွင်ပြီးဆုံးခဲ့သည်။

အဆိုပါဖွဲ့စည်းလိုက်သော ကော်မတီ ၃ ခုမှာ လုံခြုံရေး၊စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကော်မတီနှင့် သာသနာရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှု ဆိုင်ရာကော်မတီ တို့ဖြစ်သည်။

လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့်စည်ပင်သာယာရေးကော်မတီတွင် ဥက္ကဌအဖြစ် ချမ်းအေးသာစံမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါက်တာကျော်စိုးလင်း(ခ)စိုးသန်း၊ အတွင်းရေးမှူးအဖြစ် ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်အောင် တို့အပါအဝင် ၇ ဦးဖြင့်ဖွဲ့စည်းခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကော်မတီတွင် ဥက္ကဌအဖြစ်  ပြည်ကြီးတံခွန်မြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ်(၁)မှ ဒေါက်တာချစ်ကိုကို၊အတွင်းရေးမှူးအဖြစ် တံတားဦးမြို့နယ်၊ မဲဆန္ဒနယ်၊အမှတ်(၂)မှ ဦးဝဏ္ဏအောင် တို့အပါ ၇ ဦးတို့ဖြင့်ဖွဲ့စည်းခဲ့ကာ သာသနာရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီတွင် ဥက္ကဌအဖြစ် တံတားဦးမြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ်(၁)မှ ဦးမင်းမင်းနီ၊ အတွင်းရေးမှူးအဖြစ် ဝမ်းတွင်းမြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ်(၂)မှ ဦးအောင်သူတို့အပါ ၇ ဦးဖြင့်ဖွဲ့စည်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊လွှတ်တော်တွင် အမျိုူးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၄၈ ဥိး၊တပ်မတော်သားကိုယ်စားလှယ် ၁၉ ဦး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၈ ဦးနှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ လွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ရှိရာ ယနေ့ကျင်းပသောလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပျက်ကွက်ခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို မတ်လ ၂၈ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly