ဘူတန်ဘုရင့်နိုင်ငံရဲ့Bitcoinအပေါ်သဘောထား

ဘူတန်ဘုရင့်နိုင်ငံရဲ့Bitcoinအပေါ်သဘောထား

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

 

အာရှတိုက်ဒေသမှာ ရှိတဲ့ အပျော်ရွှင်ဆုံးနိုင်ငံ အဖြစ် လူသိများတဲ့ ဘူတန်ဘုရင့်နိုင်ငံဟာ အမေရိကန်ဒေါ်လာသန်းချီတန်တဲ့ Cryptocurrency တွေကို တိတ်တဆိတ် ရင်းနှီးမြှပ်နှံမှုတွေလုပ်နေတဲ့ကြောင်း Forbes သတင်းဌာနရဲ့ဖော်ပြချက်တွေအရသိရပါတယ်။

 

ဗုဒ္ဓဘာသာကို လူအများစု ကိုးကွယ်တဲ့ ဘူတန်နိုင်ငံရဲ့ ဘူတန်အစိုးရ၊ဘဏ္ဍရေး၀န်ကြီးဌာနရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ Druk Holdings and Investments  အနေနဲ့ ဒီလိုပူးပေါင်းလုပ်ဆောင်နေတာကို အများပြည်သူကို မချပြခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်က ဒေ၀ါလီခံသွားတဲ့ BlockFi နဲ့ Celsius ကုမ္ပဏီနှစ်ခုကြောင့် လူသိရှင်းကြားဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

Druk Holdings and Investments ရဲ့အဆိုအရ ဘူတန်အစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ ၂.၉ဘီလီယံတန်ဖိုးရှိ Bitcoinအပါအ၀င်တခြားသော Cryptocurrency တွေကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ အမေရိကန်၊ သြစတေးလျအစရှိတဲ့ အင်အားကြီးနိုင်ငံတွေကတော့  Cryptocurrencyနဲ့ ပတ်သက်ပြီး အပြိုင်အဆိုင် ဆွေးနွေးနေကြပေမယ့် အာရှနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာ ဘူတန်နိုင်ငံကတော့ တိတ်တဆိတ်နဲ့ ကောင်းကောင်းမွန်မွန်လှုပ်ရှားဆောင်ရွက်နေပါတယ်။

 

Forbes သတင်းစာရဲ့ အစီရင်ခံစာတွေအရ Druk Holdings and Investmentsအနေနဲ့ Cryptocurrency နဲ့ ပတ်သက်တဲ့ ရင်းနှီးမြှပ်နှံမှုတွေကို Crypto ကုမ္ပဏီတွေဖြစ်တဲ့ BlockFi နဲ့ Celsiusကုမ္ပဏီနှစ်ခုနဲ့သာအဓိကထားပြီးလုပ်တယ်လို့ဖော်ပြထားပါတယ်။

 

နောက်တစ်ခါ အမေရိကန်ပြည်ထောင်စုရောက် ဘူတန်နိုင်ငံသားတွေတည်ထောင်ထားတဲ့ “ဘူတန်ဖောင်းဒေရှင်း” ပရဟိတအဖွဲ့အစည်းကလည်း Cryptocurrency နဲ့ အလှူငွေတွေ လက်ခံခြင်းတွေ စလုပ်နေပြီလို့ ထုတ်ပြန်လာပါတယ်။ အာရှနိုင်ငံငယ်တွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ မြန်မာနိုင်ငံနဲ့ သိပ်မကွာလှတဲ့ ဘူတန်နိုင်ငံကတော့ Cryptocurrency နယ်ပယ်ဘက်မှာတော့ ဗုဒ္ဓဘာသာကို ကိုးကွယ် ယုံကြည်မှု အများဆုံး ဖြစ်ပါတယ်ဆိုတဲ့ မြန်မာနိုင်ငံထက် အများကြီးပိုသာနေပါပြီ။

 

ကိုးကား

1. Bhutan Bought Millions in Bitcoin and Other Cryptos(beincrypto.com)

2. The Tiny Kingdom Of Bhutan Secretly Held Millions Of Dollars In Cryptocurrency(forbes.com)

3. Uncovering Bhutan’s secret crypto holdings: What we know so far(cnbctv18.com)

 

(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly