တော်လှန်သင်္ကြန်အငြိမ့်မှရရှိသော ရန်ပုံငွေများကို PDF များအတွက်  ထောက်ပံ့မည်ဟုဆို

By ကိုခင်မောင် (မဇ္ဈိမ)
01 May 2023
တော်လှန်သင်္ကြန်အငြိမ့်မှရရှိသော ရန်ပုံငွေများကို PDF များအတွက်  ထောက်ပံ့မည်ဟုဆို

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် ဧပြီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သော  တော်လှန်သင်္ကြန်အငြိမ့်မှရရှိသော ရန်ပုံငွေများကို PDF များကို ထောက်ပံ့မည်ဟုပွဲစီစဉ်သူများထံမှ သိရ သည်။

တော်လှန်သင်္ကြန်အငြိမ့်ကို DMV (DC, Maryland and Virginia) တဝှမ်းတွင် နှစ်ပေါင်းများစွာ အတွဲညီခဲ့ ကြသောလူရွှင်တော်ကြီးလေးဦးမှ ခေတ်နှင့်ညီသည့်ဟာသခွင်များနှင့်အတူ နယူးယောက်မှဒီမိုမင်းသမီး လေးများ၏ အကအလှများနှင့်သင်္ကြန်ယိမ်းများကို ထည့်သွင်းဖျော်ဖြေခဲ့ကြောင်းသိရသည်။

“ကံစမ်းမဲလက်မှတ်တွေလည်း ဖွင့်လှစ်ရောင်းချခဲ့သလို ရရှိတဲ့ရန်ပုံငွေအားလုံးကို လိုအပ်နေတဲ့ မြေပြင် အဖွဲ့တွေကို တိုက်ရိုက်ပေးပို့သွားမှာဖြစ်ပါတယ်” ဟု အဆိုပါပွဲအားစီစဉ်သူတစ်ဦးက မဇ္ဈိမသို့ပြောသည်။ 

တော်လှန်သင်္ကြန်အငြိမ့်သို့ ကူညီလှူတန်းသူ ၃၀၀ ကျော်လာရောက်ကြသည်ဟုလည်း ၎င်းကဆိုသည်။ 
အထူးအစီအစဉ်အနေဖြင့် နိုင်ငံရပ်ခြားတွင်တွေ့ရခဲသော မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် နာမည်ကြီးဆိုင်းဆရာ များ၏ ဖျော်ဖြေမှုကိုလည်း  ဖြည့်စွက်တင်ဆက်ခဲ့ကြောင်း သိရသည်။

အစားအသောက် ကြိုက်နှစ်သက်သူများအတွက် ပွဲမစခင် ညနေ ၄ နာရီမှစတင်ပြီး အစားအသောက်များ ရောင်းချပေးခဲ့ကြောင်း၊ PDF တပ်ဖွဲ့များ၏ အမှတ်တရပစ္စည်းများကို လေလံတင်သည့် အစီအစဉ်လည်း ပါရှိခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly