လက်နက်ကုန်သွယ်မှု ပပျောက်ဖို့ စစ်ခေါင်းဆောင်နဲ့ ထိုင်း ဒုဝန်ကြီးချုပ်တို့ နေပြည်တော်တွင်ဆွေးနွေး

လက်နက်ကုန်သွယ်မှု ပပျောက်ဖို့ စစ်ခေါင်းဆောင်နဲ့ ထိုင်း ဒုဝန်ကြီးချုပ်တို့ နေပြည်တော်တွင်ဆွေးနွေး

 

တရားမဝင် လက်နက်ကုန်သွယ်မှုအပါအဝင် လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု ပပျောက်ဖို့ စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai ဒွန်ပရာမြူနိုင်းတို့ ဧပြီလ ၂၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။

တွေ့ဆုံမှုအတွင်း တရားမဝင်လက်နက်၊ မူးယစ်နဲ့ လူကုန်ကူးမှုတွေကို ဘယ်လိုအစီအစဉ် တွေနဲ့ ပပျောက်အောင် လုပ်မလဲဆိုတာတော့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ အသေးစိတ် မဖော်ပြထားပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required